ချစ်ခြင်းကိုလက်ကိုင်စွဲ၍ ( အခန်း ၃ )

160 11 0
                                    


ချမ်းမြေ့ဦးဝေ

မနက်စောစောစီးစီးတွင် ဆေးရုံကဖုန်းဆက်လာသဖြင့် ကျွန်တော်တာဝန်ယူထားသည့်လူနာအကြောင်းကို ဂျူနီယာလေးတစ်ယောက်အား ရှင်းပြပြီးသည့်နောက် အခန်းထဲမှထွက်လာခဲ့သည်။ ထိုအခါ ဧည့်ခန်းတွင်ထိုင်နေသည့်မှိုင်းငယ်ကို လှမ်းမြင်ရသည်။ မှိုင်းငယ်က သူ့ရှေ့ရှိစားပွဲတွင် laptop ကိုတင်ကာ တစ်ခုခုကို ကြိုးစားပမ်းစားကြည့်နေသကဲ့သို့ရှိနေသည်။ ထို့ကြောင့် ဒီကောင်လေးဘာတွေလုပ်နေပြန်ပြီလဲဟုတွေးကာ ခြေသံဖွဖွနင်း၍အနားသို့ကပ်သွားလိုက်သည်။ ထိုအချိန်ထိ ကိုယ်တော်ချောက ကျွန်တော့်ကို သတိထားမိဟန်မတူ။ Laptop ကိုသာစိုက်ကြည့်နေခြင်းကြောင့် ကျွန်တော် အသံပေးဖို့ကြိုးစားရတော့သည်။

" ဘာတွေ..... "

" အောင်မလေး မြတ်စွာဘုရား ကိုကိုနဲ့ငါနဲ့ညား "

" ဟ "

ရုတ်တစ်ရက်လန့်ဖြန့်ကာ တရစပ်အော်လာသူ မှိုင်းငယ်ကြောင့် ကျွန်တော်ပါလန့်သွားရသော်လည်း သူ၏ကယောင်ကတမ်းစကားကိုကြားသည့်အခါ ခွိခနဲရယ်မိရတော့သည်။

" ကိုကိုနဲ့က ညားပြီးနေပြီလေ။ ဘယ်ကိုကိုနဲ့ ထပ်ညားချင်သေးတာလဲ ဟမ် "

တဟားဟားရယ်ကာ မှိုင်းငယ်ဘေးတွင်ကပ်ထိုင်လိုက်သည့်အခါ မှိုင်းငယ်က သူ့ဇက်ပိုးကလေးကို လက်ဖြင့်ပွတ်၍အရှက်ပြေရယ်မောသည်။

" အဟဲ ကိုကိုကလည်း ကျွန်တော့်မှာ ကိုကိုတစ်ယောက်တည်းရှိတဲ့ဟာကို။ သပ်သပ်မဲ့ ညားပြီးသားလည်းထပ်ညားအောင်လို့ တမင်တကာ ပါးစပ်စီးပါစေတော့ဆိုပြီးလေ့ကျင့်ထားတာ "

" ဟောကွာ မင်းနှယ် ပေါက်ပေါက်ရှာရှာ "

ကျွန်တော်က ရယ်မောလျက် မှိုင်းငယ်၏ လက်မောင်းကိုအသာတွန်းတိုက်ကာ သူကြည့်နေသည့် laptop screen ကို ကြည့်လိုက်ပါသည်။ ထိုအခါ CCTV မှတ်တမ်းတစ်ခုကိုတွေ့မြင်ရသည်။

" CCTV လား ဘာလုပ်ဖို့ကြည့်နေတာလဲ "

" ကျွန်တော် စုံစမ်းထောက်လှမ်းရေးလုပ်နေတာ "

မှိုင်းငယ်က screen ကိုစူးစူးစိုက်စိုက်ပြန်ကြည့်ကာ မျက်မှန်ကိုပင့်တင်၍ ‌သူ့ကိုယ်သူ ဆားပုလင်းနှင်းမောင်အလား ခပ်တည်တည်ပြောပြန်တော့ ကျွန်တော်ရယ်ချင်စိတ်ကို မထိန်းနိုင်ပြန်ပါ။

မှန်လေးတစ်ချပ် ခြားထားသလိုWhere stories live. Discover now