အခန်း(၂)

232 2 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂) 💋

“အဲ့ဒါက ဘယ်ကပြန်လာတာလဲ သား…”

“စက်ဘီးစီးပြီး ပြန်လာတာလေ မာမီ… ဘာဖြစ်လို့လဲ…”

စက်ဘီးလေးကို ခြံထဲက ဂိုဒေါင်ထဲမှာထည့်ပြီး ထွက်လာတဲ့သူ မာမီ့အမေးကြောင့် ခြေလှမ်းတွေတန့်သွားကာ မာမီ့ကိုလှမ်းကြည့်လိုက်တော့ မာမီက အိမ်ရှေ့အပေါက်မှာမတ်တပ်ရပ်ကြည့်နေ၏။

“ဘယ်သူနဲ့လဲ…”

“ဗျာ… သားတစ်ယောက်ထဲပါ မာမီကလည်း…”

သူ မလုံမလဲနဲ့ရယ်ပြီးပြောလိုက်တော့ မာမီက သူ့ကို မျက်စောင်းထိုးကာ ကြည့်လာလေသည်။ မာမီက မယွင်းနဲ့ အတူ သွားလာတာကိုမကြိုက်ပေ။ ဘာဖြစ်လို့လဲဆိုတာတော့ သူ နားမလည်ပါ။ တကယ်ဆိုရင် မယွင်းအမေကို အိမ်မှာ အလုပ်ပေးထားတာပဲ မယွင်းကိုကျ ဘာလို့များ သူနဲ့အတူရှိတာကို မကြိုက်တာလဲ သူမသိ။

“ရှေးဦးစာဆို…”

“ဗျာ…”

မာမီ သူ့နာမည်ကို အခုလို ရှည်ရှည်ဝေးဝေးခေါ်လာပြီဆိုရင် သူ တကယ်ပဲ ထိတ်လန့်မိပါသည်။ အဲ့ဒီအခါမှာတော့ မာမီ့အမြင်မှာ သူဟာ အလိုလိုနေရင်း အပြစ်ရှိသူတစ်ယောက်ဖြစ်သွားတော့၏။

“မှန်မှန်ပြောစမ်း… အခု အဲ့ဒီကောင်မလေးနဲ့ စက်ဘီးစီးပြီးပြန်လာတာမို့လား…”

“မာမီကလည်း… သား မလိမ်ပါဘူးဆို…”

“ရှေးဦးစာဆို…”

နောက်တစ်ကြိမ်ထပ်ပြီးခေါ်လာသည့် မာမီ့အခေါ်ကြောင့် သူ သက်ပြင်းချလိုက်မိလေသည်။

“ကောင်းပြီလေ… မင်းတစ်ယောက်ထဲ စက်ဘီးစီးတာဆိုရင်လည်း ပြီးရော… ဒါပေမယ့် မင်းကို မာမီ အဆုံးထိ ပြောထားလိုက်မယ်… အဲ့ဒီကောင်မလေးနဲ့ မပတ်သက်ပါနဲ့… အဲ့ဒီကောင်မလေးနဲ့ မင်းနဲ့က မတူဘူးဆိုတာကို နားလည်ထား…”

“သားနဲ့ မယွင်းက ဘာမတူတာလဲ မာမီ…”

“ဘာ…”

ပြန်လည် မေးခွန်းထုတ်လိုက်တဲ့ သူ့ကို မာမီက မျက်ထောင့်နီဖြင့်ကြည့်လာကာ ခါးကိုလည်း ထောက်လိုက်လေသည်။ မာမီ သူ့ကို ဒေါသထွက်သွားပြီဆိုတာကို သူ သိလိုက်ရ၏။ သူ လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်ကာ မာမီ့ကို အသာမော့ကြည့်လိုက်ပြီး

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now