အခန်း(၄၀)

103 3 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၄၀) 💋

“အချစ်ဆိုတဲ့အရာက ဘယ်လောက်တောင်ထူးဆန်းလဲဆိုတာ တခြားလူတွေထက် ကျွန်တော်က ပိုသိပါတယ် ညွှန်းဖွဲ့ရာသီ…”

ပုံမှန်အချိန်တွေဆိုရင် ပန်းဥယျာဉ်ထဲက ပန်းရနံ့တွေဟာ မွှေးကြိုင်ပြီး ညွှန်းရဲ့စိတ်ကို ကြည်နူးချမ်းမြေ့နိုင်စေခဲ့ပေမယ့်လည်း ဒီနေ့တော့ ညွှန်းရဲ့ပူလောင်မှုတွေကြောင့် ပန်းရနံ့ကိုလည်း ညွှန်း မရှူရှိုက်နိုင်တော့ပေ။

“အခု ပြောမယ့်စကားတွေအတွက် ပထမဦးဆုံး တောင်းပန်ပါတယ်လို့ ပြောပါရစေ…”

စော်ဘွားငယ် ဆက်ပြောမည့်စကားများအား ညွှန်းစိတ်ထဲမှ အလိုလိုသိနေမိ၏။ ထို့ကြောင့် ဆက်မပြောပါနဲ့တော့လို့ ပြောချင်ပေမယ့်လည်း ညွှန်းရဲ့နှုတ်က စေးကပ်ကာ ဆွံ့အ နေမိလေသည်။ စော်ဘွားငယ်ကတော့ ညွှန်းရဲ့ခံစားချက်များကို ဂရုမစိုက်သည့်အလား ညွှန်းမျက်နှာအား သေချာကြည့်ကာ တောင်းပန်စကားကို ဦးစွာ ဆိုလာ၏။

“ကျွန်တော်နဲ့ ညွှန်းဖွဲ့ရာသီတို့ရဲ့ ထိမ်းမြားမှုက ပြီးဆုံးသွားခဲ့ပါပြီ… ကျွန်တော်ချစ်တဲ့မိန်းကလေးက မယွင်းသစ္စာပါ… ကျွန်တော်ထိမ်းမြားမယ့်မိန်းကလေးကလည်း မယွင်းသစ္စာတစ်ယောက်ထဲပါပဲ…”

ခံစားချက်တွေကို နှလုံးသားလေးက မြိုသိပ်နိုင်ခဲ့ပေမယ့်လည်း မျက်ဝန်းထဲမှ မျက်ရည်တွေကတော့ မမြိုသိပ်နိုင်စွာဖြင့် ပါးပြင်ပေါ်သို့ စီးကျလာလေတော့၏။ တုန်ယင်နေသည့် လက်ခုံပေါ်သို့ကျလာသည့်မျက်ရည်များအား ညွှန်း မသိကျိုးနွံပြုကာ ခေါင်းကို ငုံ့ထားလိုက်မိလေသည်။

“မယွင်းအပေါ်ကို ကူညီစောင့်ရှောက်ခဲ့တဲ့ ညွှန်းဖွဲ့ရာသီရဲ့ကျေးဇူးကို ပြန်ဆပ်တဲ့အနေနဲ့ ညွှန်းဖွဲ့ရာသီဖြစ်ချင်တဲ့ဆန္ဒတစ်ခုကိုပြောပါ ကျွန်တော်က စော်ဘွားငယ်တစ်ယောက်အနေနဲ့ရော မယွင်းရဲ့ချစ်သူတစ်ယောက်အနေနဲ့ရော မယွင်းကိုယ်စား ကျေးဇူးဆပ်ပါရစေ…”

ညွှန်း အဖြစ်ချင်ဆုံးဆန္ဒက စော်ဘွားငယ်ရဲ့ကြင်ယာတော်ဖြစ်ချင်တာပါပဲ…။ စိတ်ထဲက စကားလုံးများအား အပြင်သို့ မထွက်လာစေရန် အံကြိတ်ကာဖြင့် ညွှန်း မြိုသိပ်လိုက်မိလေသည်။ အံကြိတ်လိုက်တော့ မျက်ရည်တွေကလည်း အလိုလိုရပ်တန့်သွားတော့၏။ ထို့နောက် ညွှန်း စော်ဘွားငယ်၏မျက်နှာအား မော့ကြည့်လိုက်ကာ

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Onde histórias criam vida. Descubra agora