အခန်း(၃၆)

77 1 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၆) 💋

အိုဟောင်းပျက်ယွင်းနေသည့် အဆောက်အအုံတစ်ခုကို မြင်လိုက်ရသဖြင့် စဝ်မုန်း မျက်မှောင်ကြုတ်သွားမိလေသည်။

“ဒါ ဘယ်နေရာလဲ…”

“မလောပါနဲ့ စော်ဘွားငယ်… အခုပဲ သိရတော့မှာပါ…”

စိုင်းအုတ်က သူ့ကိုပြောရင်းဖြင့် သူ့ခြေထောက်နားက ဂုန်နီအိတ်ထဲကလူကို ခြေထောက်နဲ့ကန်လိုက်လေသည်။

“ဟေ့ကောင် ထတော့ ရောက်ပြီ…”

ဂုန်နီအိတ်ထဲကလူက တုတ်တုတ်မျှပင်မလှုပ်ပေ။ စိုင်းအုတ်က စိတ်မရှည်တော့သည့်ပုံဖြင့် အားထည့်ကာ ဆောင့်ကန်လိုက်ပြန်၏။

“ဟေ့ကောင်…”

“သူသတိလစ်နေတုန်းပဲထင်တယ် စိုင်းအုတ်…”

“ဂုန်နီအိတ်ကိုဖွင့်လိုက်…”

“အင်း…”

စိုင်းအုတ်ရဲ့လူတစ်ယောက်က ဂုန်နီအိတ်ဖွင့်နေတာကို စဝ်မုန်း သေချာစွာ ကြည့်နေမိလေသည်။ ဂုန်နီအိတ်ထဲကလူသည် ယောက်ျားလေးတစ်ယောက်ဖြစ်သည်ဆိုတာကိုတော့ သူတို့အပြုအမူတွေကိုကြည့်ပြီး သူ နားလည်လိုက်ပြီဖြစ်သည်။

“စော်ဘွားငယ် အောက်ဆင်းလို့ရပါပြီ…”

စိုင်းအုတ်က သူ့ကိုဆွဲခေါ်ကာ ကားပေါ်ကဆင်းသွားသဖြင့် သူလည်း အနောက်ကနေ အလိုလိုပါသွားတော့၏။ စိုင်းအုတ်က ဦးဆောင်ကာ အဆောက်အအုံအပျက်ကြီးထဲကို ဝင်သွားတော့ အားလုံးကလည်း နောက်ကနေ လိုက်ပြီးဝင်ကြ၏။ စဝ်မုန်း ရှေ့ကိုသာ ဆက်သွားနေတာ အကြည့်တွေက အနောက်သို့လှည့်ကြည့်လှည့်ကြည့်ဖြင့် ဂုန်နီအိတ်ထဲကလူက ဘယ်သူလဲဆိုတာကို စိတ်ဝင်စားနေမိလေသည်။ သူ့စိတ်ထဲမှာထင်နေတဲ့လူတစ်ယောက်ရှိနေသည်မို့ ထိုလူမဖြစ်စေရန်ကိုလည်း ဆုတောင်းနေမိပြန်၏။

“စော်ဘွားငယ်… ဘာတွေစိတ်ဝင်တစားကြည့်နေတာလဲ…”

သူကြည့်နေသည့်နေရာကို စိုင်းအုတ်က လိုက်ကြည့်လာပြီး ခေါင်းရမ်းလိုက်ရင်းကနေ ရှေ့ကို ဆက်သွားတော့၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Donde viven las historias. Descúbrelo ahora