အခန်း(၃၄)

92 0 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၄) 💋

ဒုဋ္ဌဝတီမြစ်ကြီးက အလွမ်းတွေကိုကုသပေးပြီး ချစ်ရသူတွေကို နီးစပ်နိုင်ခွင့်ရှိတဲ့မြစ်တစ်စင်းသာ ဆိုရင် သေချာပေါက် သူနဲ့မယွင်းကို နီးစပ်အောင် လုပ်ပေးမှာပေါ့။

ဒီနေရာလေးမှာပဲ မယွင်းကို စတွေ့ခဲ့ရသည်။ ဒီနေရာလေးက မယွင်းနဲ့ပတ်သက်ပြီး သူ့ဘဝရဲ့ အမှတ်တရနေရာလေးတစ်ခုဆိုတာကို သူတစ်ယောက်တည်းသာ သိလေသည်။ သူ မယွင်းကို ချစ်သလို မယွင်းလည်း သူ့ကိုချစ်တယ်ဆိုတာ သူသိပေမယ့် ကြားထဲမှာ တားဆီးနေသည့် အရာများကို သူ ရင်ဆိုင်ဖြေရှင်းရဦးမည်ဖြစ်သည်။

ခမည်းတော်က သူနဲ့မယွင်းကို သဘောတူတယ်ဆိုတာကို သိပြီးတဲ့နောက်မှာတော့ ကျန်တဲ့ အရာများကို ဖြေရှင်းဖို့အတွက် သူ့အနေနဲ့ အခက်အခဲမရှိတော့ဘူးဟုလည်း တွေးလိုက်မိ၏။ သူ စိုးရိမ်စရာတစ်ခုပဲရှိသည်။ အဲ့ဒါကတော့ သူ့လက်ကိုတွဲပြီး ဟော်နန်းကို လိုက်ခဲ့ဖို့ မယွင်းမှာ သတ္တိရှိဖို့ပင်ဖြစ်၏။

မြစ်ရေအလျဉ်ကိုကြည့်ကာ သူ့စိတ်တွေဟာလည်း တည်ငြိမ်မှုမရှိ ရွေ့လျားနေကြ၏။ ရွေ့လျားနေရာအရပ်ကတော့ မယွင်းရှိရာအရပ်ပင်ဖြစ်သည်။ နေ့စဉ်နှင့်အမျှ မယွင်းကို လွမ်းနေရသည့်ဝေဒနာက သူ့အတွက်တော့ ဖြေဆေးမရှိနိုင်ပြီ။ ရှိခဲ့သည်ဆိုပါစို့ ထိုဖြေဆေးသည် မယွင်းကိုပိုင်ဆိုင်ခြင်းဟူသည့် ဖြေဆေးပင်ဖြစ်ပေလိမ့်မည်။

“စဝ်မုန်းသဝဏ်…”

ခေါ်သံကြားရာသို့ လှည့်ကြည့်လိုက်တော့ တွေ့လိုက်ရသည့် လူတစ်ယောက်ကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိလေသည်။

“ရှေးဦးစာဆို…”

မြစ်ကမ်းနံဘေး တိုက်ခတ်နေသည့်လေတွေကြောင့် သူရော ရှေးဦးစာဆို၏ဆံပင်တွေက ယိမ်းထိုးနေကြလေသည်။ ရှေးဦးစာဆိုက သူရှိရာသို့ ဖြည်းဖြည်းချင်းလာနေသဖြင့် သူလည်း ထိုင်နေရာကနေ အမြန်ထလိုက်၏။

“ကျွန်တော် ခင်ဗျားနဲ့ စကားနည်းနည်းလောက်ပြောချင်လို့ ရမလား…”

“အင်း ရတယ်…”

ပြောရင်းနဲ့ သူ ရှေးဦးစာဆိုနောက်ကိုကြည့်လိုက်ပေမယ့် ရှေးဦးစာဆိုကလွဲပြီး ဘယ်သူမှရှိမနေပါ။ မယွင်းလည်း ပါမယ်ထင်လိုက်မိတာ။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now