အခန်း(၃၈)

112 1 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၈) 💋

“အဲ့ကောင်မ ဘယ်လောက်တောင်မှ ဂြိုဟ်မွှေခဲ့လဲမသိဘူး…”

“သမီး စကားပြောတာ ဆင်ခြင်စမ်း… ဟိုမှာ သူ့အဖေရှိတယ်…”

“ရှိတော့ရော ဘာဂရုစိုက်ရမှာလဲ အမေရာ… သမီးပြောတာ မှန်နေတာပဲဟာကို… ဟုတ်တယ်မို့လား ကိုကြီး…”

အစ်ကိုဖြစ်သူကို အားကိုးတကြီးပြောနေသည့် သမီးဖြစ်သူကိုကြည့်ကာ ဒေါ်မယ်တင်တစ်ယောက် သက်ပြင်းမောတစ်ခုကိုချလိုက်မိ၏။ ယောက်ျားဖြစ်သူ ဦးဝင်းမောင်ကိုကြည့်လိုက်တော့လည်း အိမ်တိုင်ကိုမှီလျက် တွေဝေငေးမောနေ၏။

“ကြည့်ရတာ စော်ဘွားတစ်ယောက်ကိုယ်တိုင်လာတာဆိုတော့ သေချာပေါက် ပြဿနာတစ်ခုခုရှာလာခဲ့တာနေမှာ…”

“အဖေ… အဖေ အဖေ့သမီးနဲ့ပတ်သက်ပြီး ဘာသိထားသေးလဲ… သိထားရင်လည်း သမီးတို့ကို ကြိုပြောထားဦး… တော်ကြာ သူ တစ်ခုခုဖြစ်သွားရင် သမီးတို့ကို အမှုပတ်လာလိမ့်မယ်…”

ခံစားချက်ကင်းစွာ ငြိမ်သက်နေသည့် ဦးဝင်းမောင်တစ်ယောက် သမီးဖြစ်သူကို လာခေါ်သွားသည့် စော်ဘွားဆိုသည့်လူ၏မျက်နှာကို ပြန်မြင်ယောင်သွားကာ မျက်နှာပျက်ယွင်းသွားမိလေတော့သည်။

“ဘာမှမသိဘူး…”

တစ်ခွန်းပဲပြောကာ ငြိမ်ကျသွားသည့် ဦးဝင်းမောင်ကြောင့် ဒေါ်မယ်တင် သားနှင့်သမီးဖြစ်သူကိုကြည့်ကာ

“အဖေအရင်းဖြစ်တဲ့သူတောင် စိတ်မဝင်စားတာ နင်တို့က ဘာလို့စိတ်ဝင်စားနေရတာလဲ… နေတတ်အောင်နေကြစမ်းပါ…”

“မဟုတ်ဘူးလေ အမေရဲ့… တော်ကြာ မပြောကောင်းပြောကောင်း တစ်ခုခုဖြစ်သွားရင် သမီးတို့ကိုလာပြီး စစ်လားဆေးလားလုပ်နေရင် ဘယ်လိုလုပ်မလဲ…”

ယမုံမင်း၏စကားကြောင့် ဦးဝင်းမောင်၏အကြည့်တွေက ယမုံမင်းဆီသို့ စူးရဲစွာ ရောက်ရှိသွားလေသည်။ ထိုအခါမှ ယမုံမင်းက တိတ်တဆိတ်သွားကာ ခေါင်းငုံ့သွား၏။

“နေပါဦး… ဟိုကောင့်ကိုလည်းမတွေ့ဘူးနော်…”

“ဟိုကောင်ဆိုတာ ဘယ်သူလဲ ကိုကြီး…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Donde viven las historias. Descúbrelo ahora