အခန်း(၁၃)

147 2 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၃) 💋

နံရံမှာချိတ်ဆွဲထားတဲ့ ပန်းချီကားတွေ၊ အလှပန်းခြင်းတွေကိုကြည့်ကာ မယွင်း သဘောကျစွာ ပြုံးလိုက်မိ၏။ မမညွှန်း၏ကော်ဖီဆိုင်လေးက သပ်သပ်ရပ်ရပ်လေးဖြစ်ကာ အတော်အတန်လည်း ကျယ်ဝန်းလေသည်။ ဆိုင်က ကြီးသလို ဝန်ထမ်းတွေကလည်း အများကြီးပဲဖြစ်သည်။ ဝန်ထမ်းအားလုံးကို တူညီဝတ်စုံတွေ ဆင်ပေးထားကြပေမယ့် မယွင်းကတော့ မမညွှန်းဆင်ပေတဲ့ဝတ်စုံကိုသာ ဝတ်ရသည်။ မမညွှန်းက ခေတ်ပေါ်အဝတ်အစားတွေကို သိပ်ပြီးဝတ်လေ့ဝတ်ထမရှိ။ မမညွှန်းဝတ်လိုက်ပြီဆိုလျှင် ပြည်တွင်းမှာရက်လုပ်တဲ့ ချည်ထည်အများစုကိုသာ ဝတ်လေ့ရှိသည်။ မယွင်းကိုလည်း ထိုကဲ့သို့ပင် ဆင်ပေး၏။ ဝမ်းဆက်တွေမဟုတ်ပေမယ့် လိုက်ဖက်ညီစွာ အပေါ်အင်္ကျီမှာ အပွင့်အပြောက်လေးတွေပါလျှင် လုံချည်ကတော့ ပြောင်ပဲဖြစ်သည်။ တစ်ခါမှ ဝတ်လေ့မရှိသဖြင့် မယွင်း အရမ်းကို သဘောကျနေမိ၏။ အရင်ကတည်းက မယွင်းမှာ ပိုက်ဆံရှိလာခဲ့လျှင် အခုလိုလေးတွေ ဝယ်ဝတ်မည်ဟု စဉ်းစားထားခဲ့တာဖြစ်သည်။ အခုတော့ မယွင်း ဆန္ဒတွေဖြစ်လာခဲ့ပြီပဲဖြစ်၏။ ထို့အတွက် မယွင်း မမညွှန်းကို ကျေးဇူးတင်မိတာလည်း အကြိမ်ကြိမ်အခါခါပင်ဖြစ်သည်။

မမညွှန်း၏ ကော်ဖီဆိုင်နာမည်လေးက “ညွှန်း”တစ်လုံးထဲပင်ဖြစ်သည်။ ကော်ဖီတစ်မျိုးထဲမဟုတ်ဘဲ ကော်ဖီထွက်ပစ္စည်းများ၊ လက်ဖက်ခြောက်၊ လက်ဖက်စိုနှင့် နေကြာစေ့အထုပ်တွေလည်း ရောင်းသေးသည်။ နောင်ချိုမြို့သို့ အလည်ရောက်လာသည့်ဧည့်သည်တိုင်း “ညွှန်း” ကော်ဖီဆိုင်လေးသို့ အရောက်လာကာ ကော်ဖီသောက်ကြသလို၊ အပြန်လက်ဆောင်များလည်း ဝယ်ကြ၏။

“မယွင်း…”

“ရှင် မမညွှန်း…”

အတွေးလွန်နေခိုက် မမညွှန်း၏အသံကိုကြားလိုက်ရသဖြင့် မယွင်း ထိုင်နေရာကနေ လှည့်ကြည့်လိုက်တော့ မမညွှန်းက အပြင်ကနေပြန်လာကာ အထဲသို့ဝင်လာလေသည်။ မမညွှန်းမျက်နှာကိုကြည့်ရတာ တစ်ခုခုကို ပျော်စရာတွေ့လာရသည့်ပုံပင်။ ပြုံးရွှင်နေ၏။ မယွင်းအနားသို့ရောက်လာပြီး ကောင်တာမှာ မတ်တပ်ရပ်နေတဲ့ မယွင်း၏ဘေးမှာ မတ်တပ်ရပ်လာလေသည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Donde viven las historias. Descúbrelo ahora