အခန်း(၂၀)

135 3 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၀) 💋

အသိစိတ်က ရတစ်ချက် မရတစ်ချက်ဖြစ်နေ၏။ အသိစိတ်ဝင်လာကာ မျက်လုံးဖွင့်လိုက်တော့ မှောင်မည်းနေတာကိုသာမြင်ရပြီး ခန္ဓာကိုယ်သည်လည်း အေးစိမ့်စိမ့်ဖြစ်နေလေသည်။ ခေါင်းထဲမှလည်း နာကျင်တဲ့ဝေဒနာကို တစ်ချက်တစ်ချက် ဆိုးရွားစွာ ခံစားနေရသေးသည်။ ဘာတွေဖြစ်နေသည်ဆိုတာကို သူမ မသိပါ။ ဒါပေမယ့် ခေါင်းထဲမှာလည်း ဘာကိုမှ စဉ်းစားလို့မရဘဲ ဗလာဖြစ်နေ၏။

“ဝေါ… ဝေါ…”

ပြင်းထန်စွာ စီးဆင်းနေသည့် ရေစီးသံတွေကိုလည်း ကြားနေရသေးသည်။ အသိစိတ်ဝင်လာကာ မျက်လုံးဖွင့်ကြည့်လိုက်တော့လည်း ဘာကိုမှ မမြင်ရ။ ဘာတွေဖြစ်ခဲ့လို့များ သူမ အခုလိုဖြစ်နေတာလဲ။ နောက်ပြီး သူမရောက်နေတဲ့နေရာကရော ဘယ်နေရာလဲ။ လက်တွေကို ဆန့်တန်းကြည့်လိုက်တော့ သူမနဲ့မျက်နှာချင်းဆိုင်တွင် ပိတ်ဆီးတားနေသည့်အရာတစ်ခုကို လက်က တွန်းမိသွားလေသည်။

“ဘာ… ဘာကြီးလဲ…”

လေးကန်စွာထွက်ပေါ်လာသည့် သူမအသံကိုနားထောင်ကာ သူမကိုယ်တိုင် ထိတ်လန့်သွားမိတော့၏။

“ဟင်…”

ကျောနောက်ဆီမှ မာကြောသည့် အထိအတွေ့ကြောင့် နာကျင်နေသည့် ခန္ဓာကိုယ်ကိုလည်း သတိထားမိသွားလေသည်။

“အား… ကျွတ်… ကျွတ်…”

လည်ချောင်းထဲမှာ ခြောက်ကပ်နေသဖြင့် တံတွေးကိုမြိုချလိုက်ရာ စူးခနဲဖြစ်သွားတာကို ခံစားလိုက်ရပြန်သည်။ ဘာတွေဖြစ်နေတာလဲဆိုတာကို သူမ နည်းနည်းလေးတောင်မှ စဉ်းစားလို့မရခဲ့ပါ။

“ငါ… ငါ ဘယ်ကိုရောက်နေတာလဲ…”

ရှိသမျှခွန်အားဖြင့် မျက်နှာချင်းဆိုင်ဖြစ်နေသည့် အရာဝတ္ထုကို လက်ဖြင့်တွန်းပေမယ့်လည်း မည်သို့မျှထူးခြားမလာပါ။

“ဒုတ်…”

သူမခန္ဓာကိုယ်တစ်ခုလုံး အောင့်တက်သွားသဖြင့် သူမရှိနေသည့်အရာဝတ္ထုသည် တစ်စုံတစ်ခုနှင့်တိုက်မိသွားသကဲ့သို့ တုန်ခါသွားလေတော့သည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now