အခန်း(၂၆)

89 0 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၆) 💋

နာရီကိုကြည့်လိုက်တော့ ည ဆယ့်တစ်နာရီထိုးနေပြီဖြစ်သဖြင့် သူ ပြင်ဆင်ထားတဲ့အထုပ်တစ်ထုပ်နဲ့ ကျောပိုးအိတ်တစ်လုံးကိုယူလိုက်ကာ အခန်းထဲကနေ ထွက်လာလိုက်လေသည်။ ထို့နောက် ဒယ်ဒီနဲ့မာမီရဲ့အခန်းထဲသို့ ဝင်လာလိုက်ကာ သူ အိတ်တွေကို အသာချလိုက်ပြီး တောင်းပန်ရိုကျိုးစွာ ကန်တော့လိုက်လေသည်။

“ကျွန်တော် မယွင်းကို တွေ့အောင်ရှာပြီး ပြန်လာခဲ့ပါ့မယ် မာမီ… ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့်ကိုခွင့်လွှတ်ပါ…”

ထို့နောက် သူ အထုတ်တွေဆွဲကာ မာမီတို့အခန်းထဲကနေ လျင်မြန်စွာပင် ထွက်လာလိုက်တော့၏။ ဧည့်ခန်းထဲကိုရောက်တော့မှ ဧည့်ခန်းထဲမှာချိတ်ထားသည့် မိသားစုဓာတ်ပုံဆီသို့ အကြည့်တွေက ရောက်သွားကာ သူ စိတ်မကောင်းဖြစ်သွားမိ၏။ ဒါပေမယ့်လည်း သူသည် ဆုံးဖြတ်ချက်တစ်ခုကို နှစ်ခါ မချတတ်သည့်သူမို့ အကြည့်တွေကို ချက်ချင်းလွှဲလိုက်ကာ ဧည့်ခန်းထဲကနေလည်း ထွက်လာလိုက်၏။ ထို့နောက် အိမ်ရှေ့တံခါးမကြီးတွေကို သေချာပိတ်လိုက်ကာ သူ ညအမှောင်ကိုအားကိုးလျက်ပင် ခြံဝန်းတံခါးကိုဖွင့်ပြီး ထွက်လာလိုက်၏။

ဒီအချိန်ဆို သူ့သူငယ်ချင်းတော့ မြင်းလှည်းဂိတ်မှာ စောင့်နေလောက်ပြီပဲဖြစ်သည်။ သူ့သူငယ်ချင်းရဲ့အဖေက လှေဆိပ်မှာ လှေထိုးသားဖြစ်တော့ သူ ဟိုဘက်ကမ်းကိုကူးဖို့ သူငယ်ချင်းကိုပဲအားကိုးရမည်ဖြစ်သည်။ သူ့စိတ်ထဲမှာ အလိုလိုယုံကြည်နေမိတာက မယွင်းသည် ဟိုဘက်ကမ်းမှာပဲရှိနေမည်ဖြစ်သည်။

“ကိုယ်လာပြီ မယွင်း… မယွင်းကို ကိုယ် တွေ့အောင်ရှာမယ် သိလား…”
💋 💋 💋 💋 💋 💋 💋

ဦးရီးတော်ရဲ့အဆောင်တော်ကိုထဲကို ရောက်ရောက်ချင်း ကျောခိုင်းထားတဲ့ ကျောပြင်တစ်ခုကို တွေ့လိုက်ရာ စဝ်မုန်းသဝဏ် မျက်မှောင်ကြုတ်သွားမိလေတော့သည်။

“တူတော် ရောက်လာပြီလား…”

ဦးရီးတော်စဝ်အံ့မှူးခေါင်ရဲ့အမေးကို မဖြေသေးဘဲ သူ မျက်မှောင်ကြုတ်စွာဖြင့်ပင် ထိုကျောပြင်အား စူးစိုက်စွာကြည့်နေမိ၏။ သူ့စိတ်ထဲမှာ ဒီကျောပြင်ကို တော်တော်လေးရင်းနှီးနေလေသည်။ ငှက်ခါးရောင်အပေါ်ဝတ်အင်္ကျီက ထိုကျောပြင်မှာ ခန့်ညားစွာ နေရာယူထား၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Wo Geschichten leben. Entdecke jetzt