💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၄၁) 💋
💋 ဇာတ်သိမ်း 💋“မင်း အဲ့လိုလုပ်လိုက်တော့ရော ဘာတွေပြောင်းလဲသွားမှာမို့လို့လဲ... စဝ်ခေါင်မင်း…”
“ဘာပဲဖြစ်ဖြစ် ကျွန်တော့်တူမလေးကိုတော့ ကျွန်တော် ပျော်အောင်ထားမယ် စော်ဘွားကြီး…”
ဦးစဝ်ခေါင်မင်း၏စကားကြောင့် စော်ဘွားကြီး ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ဦးစဝ်ခေါင်မင်းအား သေချာကြည့်လိုက်၏။
“မင်းစဉ်းစားကြည့်စမ်း စဝ်ခေါင်မင်း… ဒီအခြေအနေကို မင်း ကြုံခဲ့ဖူးတာပဲမဟုတ်လား… မင်း အလှည့်တုန်းကရော မင်း ပျော်ခဲ့ရလို့လား…”
“ဟင်…”
“နောက်ဆုံးတော့လည်း မင်း ဆုံးရှုံးလိုက်ရတာပဲမဟုတ်လား… အချစ်ဆိုတဲ့အရာကို ဆုံးရှုံးလိုက်ရရုံတင်မဟုတ်ဘူး မင်းရဲ့အရင်းနှီးဆုံးမိတ်ဆွေကိုတောင်မှ မင်း ဆုံးရှုံးခဲ့လိုက်ရတာပဲလေ…”
“ဘာလို့ အတိတ်ကိုပြန်ဖော်နေရတာလဲ စော်ဘွားကြီး…”
စော်ဘွားကြီး၏ ဟော်နန်းထဲတွင် အပ်ကျသံပင်မကြားရလောက်အောင် အားလုံးက တိတ်ဆိတ်နေကြလေ၏။ လူတွေစုံနေကြပေမယ့်လည်း အားလုံးက ဘာမှဝင်မပြောပါ။
ဟော်နန်းထဲမှာ စဝ်မုန်းရဲ့မိသားစုဝင်အားလုံးရှိနေကြသလို ညွှန်းတို့မိသားစုဝင်တွေလည်း ရှိနေကြ၏။ မြောက်ပိုင်းအနွယ်တော်တွေ တော်တော်များများပါဝင်နေသည့်စကားဝိုင်းဖြစ်နေပေမယ့် တကယ်တမ်းပြောနေသူတွေကတော့ ခမည်းတော်နဲ့ ညွှန်းဖွဲ့ရာသီ၏ဦးရီးတော် စဝ်ခေါင်မင်းတို့ပဲဖြစ်သည်။
သူ ဝင်ပါရမယ့်ကိစ္စဖြစ်နေပေမယ့် ခမည်းတော်က ဦးဆောင်ကာ ပြောနေသည်မို့ သူလည်း ဘေးကနေ နားထောင်နေရတာပဲဖြစ်၏။
“အဲ့လိုအတိတ်ဆိုးမျိုးကို တခြားသူတစ်ယောက်ဆီမှာ မဖြစ်စေချင်လို့ ငါ ပြောနေရတာပဲ စဝ်ခေါင်မင်း… မင်းတူမတော်ဆိုတာလည်း ငါ့တူမတော်ပဲဆိုတာ မင်းသိရဲ့လား…”
“အဲ့ဒါဆိုရင် ဘာအတွက်ကြောင့် ဒီထိမ်းမြားမှုကို ဖျက်သိမ်းရတာလေ…”
YOU ARE READING
ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)
Romance💜 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💜 အချစ်ဆိုတာမျိုးက ထူးဆန်းပါတယ်။ ဘယ်လိုပဲ အခြေအနေတွေကွာဝေးကွာဝေး ဘယ်လောက်ပဲ ရေမြေတွေခြားခြား တွေ့ဆုံနိုင်တာမျိုးက အချစ်ပါပဲ။ အမှတ်မထင် ဆုံတွေ့ခြင်းကစပြီး မေ့ပျောက်လို့မရနိုင်ခဲ့တဲ့ စံပယ်တင်မှည့်နက်ပိုင်ရှင်လေးကို ချစ်မိခ...