အခန်း(၃၇)

107 2 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၇) 💋

“မင်းကို ရွေးချယ်စရာနှစ်ခုပေးခဲ့တာပဲ… ဒါပေမယ့် မင်းက ငါ့ကို အရေးမှမလုပ်ခဲ့တာ စဝ်မုန်း…”

“ဦးရီးတော်က ကျွန်တော့်အရိုက်အရာကို ဆက်ခံချင်တာ ဦးရီးတော်အတွက်မဟုတ်ဘူးဆိုတာ ကျွန်တော် သိတယ်… အဲ့ဒါကြောင့်လည်း ကျွန်တော့်အရိုက်အရာကို မစွန့်လွှတ်နိုင်တာ…”

ဦးရီးတော်က သူ့ကိုသေချာကြည့်ကာ နှုတ်ခမ်းကိုတွန့်တယ်ဆိုရုံသာ ပြုံးနေလေသည်။

“အဲ့ဒါက မင်း မယွင်းသစ္စာနဲ့မတွေ့ခင်တုန်းက ဖြစ်ခဲ့မှာပါ… အခု အဲ့မိန်းကလေး ဘယ်ရောက်နေတယ်ဆိုတာကို မင်း သိရဲ့လား…”

“မယွင်းလား…”

“ဟုတ်တယ်… မယွင်းသစ္စာ ဘယ်မှာလဲဆိုတာ မင်းသိလား… အန္တရာယ်ကင်းကင်းရှိနေမယ်လို့ရော မင်းထင်လား…”

သူ ရင်ထဲက စိုးရိမ်စိတ်ကို အတတ်နိုင်ဆုံး ဖုံးကွယ်လိုက်ကာ ဦးရီးတော်အား ပြုံးပြလိုက်လေသည်။ ကြိုးဖြင့်တုပ်ထားသည့် သူ့လက်ဝါးနှစ်ဖက်ကိုငုံ့ကြည့်လိုက်ပြီး

“ကျွန်တော့်ရဲ့စစ်မှန်တဲ့မေတ္တာတရားကြောင့် မယွင်း လုံလုံခြုံခြုံနဲ့ရှိနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်…”

“အချစ်ဝတ္ထုထဲက စကားလုံးတွေကို မင်း ဘယ်လိုများ သိနေရတာလဲ တူတော်… နိုင်ငံရပ်ခြားအထိသွားပြီး ပညာတော်သင်ခိုင်းခဲ့တာကို အဲ့အကြောင်းအရာတွေ သွားသင် လာခဲ့တာလား…”

“အဲ့ဒါကို ဦးရီးတော် ဘယ်လိုများ နားလည်နိုင်ပါ့မလဲ… ကျွန်တော်ပြောတဲ့စကားလုံးတွေက ကျွန်တော့်ခံစားချက်ပါ… ဦးရီးတော်လို ကျွန်တော့်အရိုက်အရာကိုလိုချင်နေတဲ့ လောဘသမားတစ်ယောက်က ဘယ်လိုမှ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူး…”

“ဟား… ဟား… ဟား… တူတော်… တူတော်… အချစ်ဋီကာတွေဖွဲ့ပြနေလိုက်တာများနော် တူတော်သာ ကဗျာဆရာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက် လူသိများမှာပဲ…”

“ဦးရီးတော်… မယွင်းဘယ်မှာလဲ…”

သူ့မေးခွန်းကြောင့် ဦးရီးတော်က ပြုံးလျက်ပင်သူ့အား ကြည့်လာလေသည်။ ထို့နောက် ထိုင်နေရာကနေ မတ်တပ်ရပ်သွားပြီး တံခါးပေါက်နားသွားကာ သူ့ကိုလှည့်ကြည့်လာပြီး

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now