အခန်း(၂၉)

80 1 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၉) 💋

သူ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာပြတ်သားစွာ ချလိုက်ပြီးတော့မှ သက်ပြင်းချလိုက်မိလေသည်။ သူ့လိုလူမျိုးက အမြင်မှားစရာအကြောင်းမရှိပါ။ မယွင်းကို ဆံနွယ်စလေးမြင်လိုက်ရင်တောင်မှ ချက်ချင်းမှတ်မိတတ်တဲ့သူ၊ အခုတော့ အမြင်မှားတယ်တဲ့။ အဓိပ္ပာယ်မရှိတာ။ အဲ့ဒီမိန်းကလေးက မယွင်းဆိုတာ သေချာပါသည်။ ပိုသေချာအောင် သူ ထိုနေရာသို့ နောက်တစ်ခေါက်ထပ်သွားကာ အတည်ပြုရမည်ပဲဖြစ်၏။

“ဟုတ်တယ် ငါ ထပ်သွားရမယ်… အဲ့ဒါမှ မယွင်းကို တွေ့ရမှာ…”

ဒီနေ့လည်း ဟော်နန်းကို ပစ္စည်းတေွ သွားပို့စရာရှိနေတယ်ဆိုတာ သူသိထားသည်။ သူ အတွေးနှင့်အတူ အခန်းထဲကထွက်လိုက်လေသည်။ ထို့နောက် ဧည့်ခန်းထဲသို့လှမ်းကြည့်လိုက်တော့ ဦးစိုင်းခမ်းမိုရ်က ဧည့်သည်တွေနဲ့ စကားပြောနေလေသည်။ သူ့ကိုလည်းတွေ့ရော ပြုံးပြလာပြီး

“ဘာလိုအပ်လို့လဲ ငါ့တူ…”

“ဟိုလေ ဒီနေ့ ဟော်နန်းထဲကို ပစ္စည်းသွားပို့စရာရှိသေးလားဟင် ဦးလေး…”

“အင်း အခုလေးတင်ပဲ သွားပို့တာလေ…”

“ဟင်…”

သူ အလျှင်အမြန်ပင် အိမ်ထဲက‌နေ ပြေးထွက်လိုက်လေသည်။ အိမ်ထဲမှတဆင့် ခြံထဲကနေ ခြံအပြင်သို့ ပြေးထွက်လိုက်ကာ ကြည့်လိုက်တော့ မြင်းလှည်း၏နောက်မြီးကိုတောင်မှ သူ မတွေ့ရတော့ပါ။

“မြန်လိုက်တာ…”

အလိုမကျစွာဖြင့် သူ ပြန်လှည့်ကာ ခြံထဲသို့ဝင်လိုက်တော့ ခြံပေါက်ဝမှာ မတ်တပ်ရပ်ကာ သူ့ကိုကြည့်နေသည့် အိမ်တော်ထိန်း ဦးစိုင်းမောင်ကြောင့် သူ မျက်မှောင်ကြုတ်သွားမိ၏။

“အရေးတကြီးကိစ္စရှိလို့ ပြေးထွက်လာတာလား မောင်ရှေးဦးစာဆို…”

ဦးစိုင်းမောင်၏ အခေါ်အဝေါ်ကြောင့် သူ အံ့ဩသွားတော့၏။ သူ့နာမည်အပြည့်အစုံကို ဦးစိုင်းမောင်က ဘယ်လိုများသိပါလိမ့်။

“ဟုတ်ကဲ့ ဦးစိုင်းမောင်… ကျွန်တော် ဟော်နန်းထဲကိုသွားချင်လို့ အဲ့ဒါ မြင်းလှည်းဆရာကို လိုက်ခေါ်တာ မမှီတော့လို့…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Donde viven las historias. Descúbrelo ahora