အခန်း(၁၁)

146 2 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၁) 💋

“တော်ဝင်သစ်ခွစံအိမ်…”

သူ့နှုတ်ကနေ တီးတိုးရေရွတ်လိုက်သံကို ခွန်မှိုင်းက ကြားသွားကာ သူ့အနားသို့ကပ်လာပြီး စံအိမ်ထဲသို့ လှမ်းကြည့်လိုက်လေသည်။

“ဟုတ်ပါတယ် စော်ဘွားငယ်… ဒါ မဟာဒေဝီရဲ့စံအိမ်ပါ…”

“အင်း… ဝင်ရအောင်…”

“ဟုတ်ကဲ့…”

ခြံပေါက်ဝက လူခေါ်ဘဲလ်ကို ခွန်မှိုင်းက နှိပ်လိုက်လေသည်။ ချက်ချင်းဆိုသလို အရိပ်တစ်ခုက ရောက်လာတော့၏။

“စော်ဘွားငယ် ရောက်လာပြီလား…”

“ဟုတ်ကဲ့…”

ညွှန်းဖွဲ့ရာသီ၏ မျက်နှာကိုမြင်လိုက်ရသဖြင့် သူ ပြုံးပြလိုက်၏။ သူမမျက်နှာကမြင်ရရုံဖြင့် တကယ်ကို ကျက်သရေရှိတဲ့အမျိုးသမီးတစ်ယောက်ဆိုတာကို လူတိုင်းသိနိုင်သည်။

“အထဲကိုဝင်ကြပါ…”

“မမညွှန်းဖွဲ့ရာသီ…”

ခေါ်သံကိုကြားလိုက်ရသဖြင့် သူတို့တွေအားလုံး လှည့်ကြည့်လိုက်ရာ ကျောင်းသူလေးတစ်ယောက်က စက်ဘီးကိုရပ်ကာ ညွှန်းဖွဲ့ရာသီကိုခေါ်နေ၏။

“ဪ… ညီမလေး နွားနို့လာပို့တာလား…”

“ဟုတ်တယ် မမ…”

“ဟင်…”

သူ့ရဲ့အာမေဍိတ်သံကို ခွန်မှိုင်းက ကြားသွားကာ သူ့ကိုကြည့်လာ၏။ သူ့စိတ်ထဲမှာတော့ ကျောင်းသူလေးကိုကြည့်ကာ အံ့ဩနေမိခြင်းဖြစ်သည်။ ဒါနဲ့ရောဆိုရင် သူနဲ့ဒီမိန်းကလေး ဆုံရတာ သုံးကြိမ်တိတိရှိပြီဖြစ်သည်။ သုံးကြိမ်စလုံးကို သူကသာ သိကျွမ်းနေခဲ့၏။ ဒါဆိုရင် တကယ်ပဲ ဒါဟာ ရေစက်ပေပဲလား။ အဲ့ဒီထက် ပိုစရာအကြောင်းမရှိတော့ဘူးလား။ ဟင့်အင်း ဒါ ရေစက်မဖြစ်နိုင်ဘူး။

“စာမေးပွဲရော ဖြေနိုင်ရဲ့လား…”

“ဟုတ်ကဲ့ ဖြေနိုင်ပါတယ် မမ…”

“ဒီနေ့က နောက်ဆုံးဘာသာဖြေရမယ့်နေ့ထင်တယ် ဟုတ်လား…”

“ဟုတ်ပါတယ် မမ…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now