အခန်း(၁၄)

135 2 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၄) 💋

“စေ့စပ်လိုက်ပြီဆိုကတည်းက တစ်ယောက်နဲ့တစ်ယောက် နှစ်ဆယ့်ငါးရာခိုင်နှုန်းကတော့ သက်ဆိုင်မှုရှိနေပြီ စော်ဘွားငယ်…”

စော်ဘွားငယ်က သူပြောတာကို စိတ်မဝင်စားသည့်ပုံဖြင့် သူ တစ်စိတ်ချင်းစီ နွှာထားသည့် လိမ္မော်သီးတွေကို စားရင်းနှင့် စာဖတ်နေလေသည်။

“စော်ဘွားငယ်…”

“မင်းပြောတာကို ငါသိတယ် ခွန်မှိုင်း…”

“အဲ့ဒါဆိုရင် စော်ဘွားငယ် ဘာဖြစ်လို့ အဲ့ဒီမိန်းကလေးနဲ့ ရင်းနှီးချင်နေရတာလဲ…”

“အဲ့ဒါတော့ ငါလည်းမပြောတတ်ဘူး…”

“မနက်ဖြန်ဆိုရင်ပဲ စော်ဘွားငယ်က ညွှန်းဖွဲ့ရာသီနဲ့စေ့စပ်တော့မှာပါ… တကယ်ဆိုရင် တခြားမိန်းကလေးတစ်ယောက်နဲ့ မပတ်သက်သင့်တော့ဘူး…”

ခွန်မှိုင်း အပင်က လိမ္မော်သီးတစ်လုံးကို ခူးလိုက်ကာ အခွံနွှာလိုက်လေသည်။ ထို့နောက် တစ်စိတ်ချင်းစီ အမျှင်တွေကို ဖယ်ပေးကာ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။ ဟော်နန်းထဲက လိမ္မော်ခြံထဲမှာ စော်ဘွားငယ်စာဖတ်နေတာဖြစ်သည်။

“မင်းက ဘာကိုစိုးရိမ်နေတာလဲ ခွန်မှိုင်း…”

“ကျွန်တော်စိုးရိမ်တာက စော်ဘွားငယ် အဲ့ဒီမိန်းကလေးအပေါ်မှာ စိတ်ဝင်စားမိသွားမှာကိုပဲ…”

“ဪ…”

သူစိုးရိမ်တဲ့အကြောင်းကို စော်ဘွားငယ်က အံ့ဩဟန်မပြဘဲ ဖတ်လက်စစာကိုသာ ဆက်ဖတ်နေလေ၏။

“စော်ဘွားငယ်…”

“ငါ ကြားတယ် ခွန်မှိုင်း… မင်းပြောချင်တာက အဲ့ဒီမိန်းကလေးနဲ့မပတ်သက်ဖို့ပဲ ဟုတ်တယ်မို့လား…”

“ဟုတ်ပါတယ်… စော်ဘွားငယ်နဲ့ အဲ့ဒီမိန်းကလေးရဲ့အဆင့်အတန်းက မိုးနဲ့မြေလိုကွာခြားလွန်းတယ်ဆိုတာ ကျွန်တော့်ထက် စော်ဘွားငယ်က ပိုသိမှာပါ…”

“အင်း…”

အေးဆေးစွာပြောနေတဲ့ စော်ဘွားငယ်ကိုကြည့်ကာ ခွန်မှိုင်း ခေါင်းရမ်းလိုက်မိ၏။ စော်ဘွားငယ် အဲ့ဒီမိန်းကလေးကိုကြည့်တဲ့အကြည့်တွေက ပုံမှန်မဟုတ်ဘူးဆိုတာကို သူ့စိတ်ထဲကနေ အလိုလိုသိနေလေသည်။ အဲ့ဒါကြောင့်လည်း သူ အခုလိုတားနေတာပဲဖြစ်သည်။ အခုလိုအေးဆေးနေတဲ့ စော်ဘွားငယ်ကိုတွေ့တော့လည်း သူ့စိတ်ထဲမှာ ကသိကအောက်ဖြစ်သွားမိပြန်၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Wo Geschichten leben. Entdecke jetzt