အခန်း(၂၃)

80 3 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၃) 💋

“ဒီမှာ ခဏစောင့်နေပေးပါ စဝ်တံခွန်ဦး… ကျွန်တော် စော်ဘွားငယ်ကို သွားပြောပေးပါ့မယ်…”

“ပြောရမယ့်လူတွေမှ မဟုတ်တာ ခွန်မှိုင်းရာ… မင်းကလည်း ငါက သူစိမ်းမှမဟုတ်ဘဲ… စော်ဘွားငယ်ဆိုတာ ငါ့ညီလည်းဟုတ်ပါတယ်…”

“ဟုတ်ပါတယ်… ဒါပေမယ့် စော်ဘွားငယ်ကိုယ်တိုင်က ဘယ်သူပဲလာလာ သူ့ဆီက ခွင့်ပြုချက် လာတောင်းဖို့ပြောထားလို့ပါ…”

“ဘယ်သူပဲလာလာဆိုတော့ စော်ဘွားကြီး လာလည်းပဲ သူ့ခွင့်ပြုချက်တောင်းရမှာပေါ့ ဟုတ်လား…”

သူ့အမေးကြောင့် ခွန်မှိုင်းက သူ့ကို သေချာမော့ကြည့်လာလေသည်။ ထို့နောက် အကြည့်တွေကို မြေပြင်ဆီသို့လွှဲလိုက်ကာ

“ဟုတ်ပါတယ်…”

ခွန်မှိုင်း ပြုံးတယ်ဆိုရုံသာပြုံးလိုက်ပြီး စဝ်မုန်းသဝဏ်၏ အဆောင်ကိုလှမ်းကြည့်လိုက်လေသည်။

“အဲ့ဒါဆိုရင်လည်း စော်ဘွားငယ်ကို ငါက တွေ့ချင်တဲ့အကြောင်း သွားပြောပေးပါ…”

“ဘာကိစ္စနဲ့တွေ့ချင်တဲ့အကြောင်း စော်ဘွားငယ်က မေးလာရင် ဘယ်လိုပြောလိုက်ရမလဲ…”

“အရေးကြီးကိစ္စရှိလို့ မျက်နှာချင်းဆိုင်တွေ့ပြီးပြောမှဖြစ်မှာပါလို့ပြောပေးပါ…”

“ကောင်းပါပြီ… အဲ့ဒါဆိုရင် ဒီနေရာမှာစောင့်ပေးပါ… ကျွန်တော် သွားပြောပေးပါ့မယ်…”

“အင်း ကျေးဇူးပဲ…”

ခွန်မှိုင်းက သူ့ကိုတစ်ချက်ကြည့်ကာ သူ့ရှေ့ကနေထွက်သွားတော့၏။ ခွန်မှိုင်း၏ကျောပြင်ကိုကြည့်ကာ သူ့စိတ်ထဲမှာ ထူးဆန်းသွားလေတော့သည်။ အရင်ကဆိုရင် သူ ဘယ်အချိန်ပဲလာလာ စဝ်မုန်းသဝဏ်ကို တွေ့ရဖို့အတွက် အခုလောက်မခက်ခဲပါ။ အခုတော့ ဘယ်လိုဖြစ်ရတာလဲ။ နေမကောင်းဘူးဆိုရင်တောင်မှ စဝ်မုန်းသဝဏ်က ဘယ်တုန်းကမှ တွေ့ဖို့ခွင့်တောင်းရတဲ့သူမဟုတ်ခဲ့။ အခု ဘယ်လိုဖြစ်တာလဲ။ ခွန်မှိုင်းကိုကြည့်ရတာလည်း ထူးဆန်းနေသည်။ အမြဲတမ်း စဝ်မုန်းသဝဏ်ရဲ့အရိပ်လိုရှိနေတဲ့ ခွန်မှိုင်းက အခုတော့ အဆောင်တော်ရဲ့အရှေ့မှာရှိနေတယ်ဆိုတော့ တစ်ခုခုတော့တစ်ခုခုပဲ။ သူ တွေးလိုက်ပြီး ခွန်မှိုင်းကို လှမ်းကြည့်လိုက်တော့ ခွန်မှိုင်းက အဆောင်တော်ထဲသို့ဝင်သွားတာကို တွေ့လိုက်ရသဖြင့် အဆောင်ရှေ့မှာ ကန့်ထားသော အုတ်တံတိုင်းပေါ်သို့ သူ ကျော်တက်လိုက်လေသည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Donde viven las historias. Descúbrelo ahora