အခန်း(၈)

156 3 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၈) 💋

ဖုန်းပေါ်က ဂဏန်းတွေကိုလှည့်ကာ သူ့ရင်ထဲက စိုးရိမ်မှုတွေက အတိုင်းအဆမရှိ ခမည်းတော်အတွက် ပူပန်နေမိလေသည်။ တော်ရုံတန်ရုံဆိုရင် ဒေါင်ဒေါင်မြည်အောင် ကျန်းမာတဲ့ခမည်းတော်က အခုလို ကျန်းမာရေးမကောင်းဘူးဆိုသဖြင့် သူ စိတ်ပူသွားမိတာပဲဖြစ်သည်။ ခမည်းတော်အသက်က ၈၀ ကျော်ပြီဆိုတော့ ဒေါင်ဒေါင်မြည်ရမည့်အချိန်မဟုတ်တော့သည်ကိုတော့ သူ နားလည်နေမိ၏။

“စော်ဘွားငယ်…”

ဂဏန်းတွေကို အကြိမ်ကြိမ်နှိပ်ကာ စိုးရိမ်တကြီးဖြင့် စော်ဘွားကြီးထံသို့ ဆက်သွယ်နေသည့် စော်ဘွားငယ်ကိုကြည့်ကာ ခွန်မှိုင်းတစ်ယောက် မျက်နှာပျက်နေလေတော့၏။

“ခွန်မှိုင်း… ခမည်းတော်က ဘာလို့ ဖုန်းမကိုင်ရတာလဲ…”

အညိုရောင် ကြိုးဖုန်း၏ ဂဏန်းတွေကို အပြန်ပြန်အလှန်လှန်နှိပ်ကာ မေးလာတဲ့ စော်ဘွားငယ်ကြောင့် ခွန်မှိုင်း ဘယ်လိုဖြေရမှန်းမသိဖြစ်သွားမိတော့သည်။

“စော်ဘွားကြီး တစ်နေရာရာကိုသွားလို့နေမှာပါ စော်ဘွားငယ်…”

“မဟုတ်သေးပါဘူး… ပြောတော့ ခမည်းတော်က နေမကောင်းဘူးဆို တစ်ခြားတစ်နေရာရာကိုသွားရအောင်…”

“ဟယ်လို…”

“ဟင်… ခမည်းတော် နေမကောင်းဘူးဆို…”

“ဪ သားတော်လား…”

ခမည်းတော်ရဲ့အသံကို နားထောင်ရသည်မှာ တော်တော်လေးနေမကောင်းဖြစ်နေသည်ဟု သူ ထင်လိုက်မိတော့သည်။ ဖျော့တော့နေသော အသံကြောင့် ခမည်းတော်၏ ဩဇာသံအပြည့်ပါသော စကားသံသည်လည်း တိုးညှင်းနေလေတော့သည်။

“ခမည်းတော် သက်သာရဲ့လား… သမားတော်တွေရော ခမည်းတော်ဘေးနားမှာ ရှိရဲ့လား…”

“ခမည်းတော် သက်သာပါတယ် သားတော်ရယ်… သားတော်သာ မြောက်ပိုင်းက အနွယ်တော်တွေနဲ့ အဆင်ပြေအောင်နေပါ… သူတို့ရဲ့ယုံကြည်မှုကိုရမှ သားတော်လည်း ခမည်းတော်ရဲ့အရိုက်အရာကို ဆက်ခံနိုင်မယ်ဆိုတာကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ