အခန်း(၁၀)

167 5 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၀) 💋

“ဘယ်လိုလဲ သာယာတယ်မို့လား…”

ထိုမိန်းကလေးရဲ့အရိပ်ကလေး သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားတော့မှ သူ့အကြည့်တွေက အသံလာရာဆီသို့ နောက်ပြန်လှည့်လိုက်လေသည်။ တံခွန်ဦးက သူ့အနားသို့ရောက်လာကာ မြစ်ကမ်းတစ်လျှောက် ကြည့်ရင်းကနေ မေးလာခြင်းဖြစ်လေသည်။

“အင်း သာယာပါတယ်…”

“မင်းလေသံကလည်း မအီမသာနဲ့ ဘယ်လိုဖြစ်တာလဲ…”

“ဟင့်အင်း ဘာမှမဖြစ်ပါဘူး…”

သူ မြစ်ကမ်းတစ်လျှောက်က သစ်ပင်ကြီးတွေကိုကြည့်ပြီး ဘာကိုသဘောကျမိမှန်းမသိဘဲ ပြုံးလိုက်မိလေတော့သည်။ ဒါဟာ ရေစက်ပေပဲလား။ ဒါမှမဟုတ် ဘယ်လိုအရာမျိုးလဲ။

“ဒီကပြန်ရင် စိုက်ခင်းတွေဘက်ကို လိုက်ပို့ပေးမယ်… အဲ့ဘက်က သိပ်သာယာတာ မင်း သဘောကျမှာသေချာတယ်…”

“အင်း ကျေးဇူးပဲ…”

မြစ်ကမ်းဘေးမှာ ငါးဖမ်းနေကြတဲ့သူတွေကိုကြည့်ကာ လွတ်လပ်မှုတစ်မျိုးကို သူ့စိတ်ထဲမှာ ခံစားလိုက်ရလေသည်။ သူ ဒီကိုပြန်လာတာ တကယ်မှန်တာပဲ။ မဟုတ်ရင် သူ ဒီကို တော်တော်နဲ့ပြန်ရောက်ဖြစ်မှာမဟုတ်ဘူး။

“ဦးရီးတော်ရော ကျန်းမာရေးအခြေအနေကောင်းရဲ့လား…”

“ခမည်းတော်လား ကောင်းပါတယ် ဘာလို့လဲ…”

“ဦးရီးတော်က သူ့ကျန်းမာရေးကြောင့် မင်းကို ဒီကိုအမြန်ပြန်ခေါ်တာထင်တယ် ဟုတ်လား…”

တံခွန်ဦးစကားကြောင့် သူ မျက်မှောင်ကြုတ်သွားကာ တံခွန်ဦးကိုကြည့်လိုက်တော့ တံခွန်ဦးက မြစ်ထဲကိုငေးကြည့်နေ၏။

“မင်းပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုရော သိရဲ့လား တံခွန်ဦး…”

“ဟင်… ဘာကိုလဲ စဝ်မုန်းသဝဏ်…”

“မင်းပြောတဲ့စကားက မကြာခင်မှာပဲ ငါ့ခမည်းတော်က ကွယ်လွန်တော့မယ့်စကားဖြစ်နေတယ်လေ…”

“ငါ အဲ့လိုမရည်ရွယ်ပါဘူး… မင်း ဘာလို့ အဲ့လိုတွေ တွေးနေရတာလဲ… မင်းက ငါနဲ့ပတ်သက်ရင် အမြဲတမ်း အဆိုးပဲတွေးတယ်နော်…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now