အခန်း(၅)

202 4 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၅) 💋

"ဒီနေ့ မြောက်ပိုင်းအနွယ်တော်တွေနဲ့ တွေ့ဆုံပွဲရှိတယ် သားတော်... အားလုံးအဆင်သင့်ဖြစ်ပြီလား..."

"ဟုတ်ကဲ့ အဆင်သင့်ပါပဲ ခမည်းတော်..."

ခမည်းတော်က ရေနွေးကြမ်းပန်းကန်ကို အသာယူလိုက်ကာ သောက်လိုက်လေသည်။ ပြီးတော့မှ သူ့ကိုကြည့်လာ၏။

"အနွယ်တော်တွေကြားက ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် တစ်ဦးတည်းသောသူက သားတော်တစ်ယောက်ပဲရှိတယ် သားတော်... အဲ့ဒါကိုတော့ တခြားသူတွေအားလုံးထက် သားတော်ကို ပိုနားလည်စေချင်တယ်..."

"ကျွန်တော်တို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းအနွယ်တော်တွေနဲ့ ပြဿနာက နယ်မြေခွဲခြားမှုပဲမို့လား ခမည်းတော်..."

သူ့စကားကြောင့် ခမည်းတော်က သက်ပြင်းတစ်ခုကို အသာချလိုက်ပြီးမှ သူ့မေးခွန်းရဲ့အဓိပ္ပာယ်ကို တွေးမိသွားသလို ခေါင်းတဆတ်ဆတ်နဲ့လုပ်နေလေသည်။

"သားတော်ပြောတာမမှားပါဘူး... ဒါပေမယ့် အဓိကက ခမည်းတော်ရဲ့အရိုက်အရာကို ဆက်ခံဖို့အတွက်ပဲ..."

"ဪ..."

အခုတော့ အဖြစ်မှန်ကို သူသိလိုက်ရပြီဖြစ်သည်။ အားလုံး သူ့ကို စောင့်ကြည့်နေသည်မှာ စော်ဘွားငယ်ဆိုတဲ့ သူ့ရဲ့ဂုဏ်ကြောင့်ပဲဖြစ်လေသည်။ ဘာလို့များ ခမည်းတော်ရဲ့အရိုက်အရာကို မြောက်ပိုင်းအနွယ်တော်တွေက လိုချင်နေကြတာလဲ။

"အဲ့ဒါကြောင့် အားလုံးနဲ့ပေါင်းသင်းဆက်ဆံရေးကိုလည်း သားတော်အနေနဲ့ အထူးဂရုစိုက်ပေးပါ..."

"ခမည်းတော်ရဲ့အရိုက်အရာကို ကျွန်တော်ကလွဲပြီး ဘယ်သူကများ ဆက်ခံသင့်လို့လဲ ခမည်းတော်... ဘာလို့ မြောက်ပိုင်းအနွယ်တော်တွေက ခမည်းတော်ရဲ့အာဏာကို လိုချင်နေကြတာလဲ..."

"ခမည်းတော်ရဲ့အာဏာမဟုတ်ဘူး သားတော်ရဲ့အာဏာကို သူတို့လုချင်နေကြတာ..."

"ဟင်..."

ခမည်းတော်စကားကြောင့် သူ မျက်မှောင်ကြုတ်ကာ အံ့ဩသွားမိလေ၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now