အခန်း(၂၄)

107 2 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၄) 💋

“ဘာလို့ ဘာတစ်ခုမှ မမှတ်မိရတာလဲဟင်…”

မျက်နှာငယ်စွာဖြင့် ပြောလာသည့် သူမကိုကြည့်ကာ သူ့စိတ်ထဲကနေ မသိမသာသက်ပြင်းချလိုက်မိ၏။ သူမကိုသနားသည့်စိတ်နှင့်အတူ ကျေနပ်သွားသည့်စိတ်ကလည်း ဖြစ်ပေါ်လာတော့၏။

“အချိန်တန်ရင် မှတ်မိလာမှာမို့ မင်း စိတ်မပူပါနဲ့… အခု မင်းသုံးနေတဲ့ဆေးတွေက မင်းရဲ့မှတ်ဉာဏ်တွေကို အထောက်အကူပြုတဲ့ဆေးတွေပါ…”

“ဒါပေမယ့် ကျွန်မ ဘာတစ်ခုကိုမှ စဉ်းစားလို့မရဘူး…”

“အဲ့ဒါဆို ကိုယ် ပြောပြရမလား…”

“ဟင်… တကယ်ပြောပြမှာလား…”

“အင်းပေါ့…”

“အဲ့ဒါဆိုရင် ကျွန်မ အတိတ်က ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အကုန်လုံးပြောပြပေးပါလား…”

“အင်း…  အတိတ်မှာတုန်းက မင်းက ကိုယ့်ကိုအရမ်းချစ်ခဲ့တာလေ…”

“ဟင်…”

သူ့စကားကြောင့် ပန်းရောင်သမ်းသွားသည့် သူမမျက်နှာလေးကိုကြည့်ကာ သူ ပြုံးလိုက်မိလေသည်။ သူ့ရင်ထဲမှာလည်း လှိုက်ခနဲ ဖြစ်သွားတာကို သူ ခံစားလိုက်ရ၏။

“ကိုယ်ကလည်း မင်းကို သိပ်ချစ်တာပေါ့… မင်းကို သိပ်ချစ်ခဲ့လို့ပဲ အရာရာဟာ ကိုယ့်အတွက် အရေးမကြီးတော့တာလေ… မင်းသိလား ကိုယ့်ဘဝက မင်းရှိနေရုံနဲ့တင် အရာရာပြည့်စုံနေတာမျိုး…”

သူ့စကားတွေကို အံ့ဩတကြီးနားထောင်နေသည့် သူမကိုကြည့်ကာ သူ ကျေနပ်စွာ ပြုံးလိုက်မိသလို သူမခေါင်းကိုလည်း အသာပုတ်လိုက်မိ၏။

“ဒါပေမယ့် မင်းကတော့ ကိုယ့်အပေါ် အဲ့လိုမဟုတ်ဘူးထင်တယ်…”

စဉ်းစားသလိုငြိမ်သက်သွားသည့်သူမပုံစံက အပြစ်ကင်းစင်နေလေသည်။

“ကျွန်မ အဲ့ဒါတွေကို တစ်ခုမှမမှတ်မိဘူး…”

ဖြည်းဖြည်းချင်းပြောလာသည့် သူမစကားသံက တစ်စုံတစ်ခုကိုတော့ မှတ်မိနေသည့်ပုံပင်။
“ကျွန်မမှတ်မိတာ တစ်ခုပဲရှိတယ်….”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now