အခန်း(၂၂)

116 2 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၂) 💋

“ဘာတဲ့လဲ…”

“ဘာသတင်းမှမရသေးပါဘူး မမလေး…”

တစ်နေ့တစ်နေ့ ဘာသတင်းမှမကြားရလေ သူမရင်ထဲမှာ ပိုပြီး စိတ်ပူလာလေပင်ဖြစ်သည်။ မယွင်းက ဘယ်သူကများ အခုလိုဒုက္ခပေးရတာလဲ။ စော်ဘွားငယ်အပြစ်ပေးလိုက်တဲ့ တစ်ယောက်တော့ မဖြစ်နိုင်ပေ။ သူ့ကို စော်ဘွားငယ်က ဟော်နန်းရဲ့အပြစ်ပေးအခန်းထဲမှာ အပြစ်ကိုခံယူခိုင်းထားတာပဲဖြစ်သည်။ အဲ့ဒါကြောင့် သူ မဟုတ်တာ သေချာ၏။ ရှေးဦးစာဆိုတောင် မသိဘူးဆိုတော့ မယွင်းရဲ့အစ်ကိုဝမ်းကွဲလည်းမဖြစ်နိုင်ဘူး။ အဲ့ဒါဆို ဘယ်သူလဲ။

“မမလေး စဝ်တံခွန်ဦးက တွေ့ချင်လို့ပါတဲ့…”

အလုပ်သမားတစ်ယောက်က လာပြောသဖြင့် ညွှန်း မျက်မှောင်ကြုတ်သွားမိလေတော့၏။

“စဝ်တံခွန်ဦး…”

“ဟုတ်ပါတယ် မမလေး…”

“သူ မလာတာကြာပြီပဲ… ဧည့်ဆောင်မှာ ခဏစောင့်ခိုင်းလိုက်ပါ ညွှန်း လာခဲ့မယ်…”

“ဟုတ်ကဲ့ပါ မမလေး…”

သူငယ်ချင်းဖြစ်သူ စဝ်တံခွန်းဦးနှင့် မတွေ့ရသည်မှာ ညွှန်းအတွက် တကယ်ပင် ကြာနေပြီဖြစ်သည်။ တိတိကျကျပြောရရင် စော်ဘွားငယ် မြောက်ပိုင်းကို စရောက်တဲ့အချိန်ကတည်းကပင်ဖြစ်၏။

ညွှန်း မီးဖိုဆောင်ထဲသို့ဝင်လိုက်ကာ စဝ်တံခွန်ဦးအတွက် ကော်ဖီဖျော်လိုက်လေသည်။ သူငယ်ချင်းဖြစ်သူအတွက်ဆိုသည့်အတွေးကြောင့် ကော်ဖီကို သေချာဖျော်လိုက်တော့ အချိန်နည်းနည်းကြာသွားတော့၏။ ဧည့်ဆောင်ထဲမှာ စာအုပ်စင်ရှိနေသည့်အတွက် စဝ်တံခွန်ဦး ပျင်းနေမှာတော့မဟုတ်ပါဘူး။ စာအုပ်တစ်အုပ်အုပ်ယူပြီးဖတ်နေမှာပဲ။ ကော်ဖီဖလားကို ကော်ဖီဇွန်းဖြင့် သေချာမွှေလိုက်ကာ အဖုံးလေးသေချာအုပ်ပြီးယူကာ ဧည့်ဆောင်ဘက်သို့ ထွက်လာလိုက်လေသည်။ ဧည့်ဆောင်ရှေ့ရောက်တော့ ဧည့်ဆောင်ထဲ တစ်ချက်ဝှေ့ကြည့်လိုက်ရာ စာဖတ်နေသည့် စဝ်တံခွန်ဦးကိုတွေ့လိုက်ရသဖြင့် သဘောကျစွာဖြင့် ပြုံးလိုက်မိ၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now