အခန်း(၃၃)

90 0 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၃) 💋

“ဪ အဲ့လိုဆိုရင် ဟော်နန်းထဲမှာရှိနေတဲ့ ကော်ဖီ၊ လက်ဖက်တွေကို ပို့ပေးတာက အဲ့ဒီလူငယ်ရဲ့အဖေပေါ့…”

“အဲ့လိုလည်း ပြောလို့ရပါတယ် စော်ဘွားငယ်… သူ့အဖေနဲ့ ပျံလွှားငယ်က ဦးစိုင်းခမ်းမိုရ်တို့က သူငယ်ချင်းတွေပါ…”

“ပျံလွှားငယ်က ဦးစိုင်းခမ်းမိုရ် ဟုတ်လား…”

သူ မျက်မှောင်ကြုတ်သွားမိတော့ ခွန်မှိုင်းက ခေါင်းတစ်ချက်ညိမ့်လိုက်ပြီး

“ဟုတ်ပါတယ် စော်ဘွားငယ်…”

“နားလည်ပြီ… အဲ့ဒါကြောင့်လည်း သူ ဟော်နန်းထဲကို ဝင်ရလွယ်ခဲ့တာပေါ့…”

“ကျွန်တော် စုံစမ်းကြည့်လိုက်တော့ စော်ဘွားငယ်ထင်တဲ့အတိုင်းပါပဲ… ရှေးဦးစာဆိုက ပျံလွှားငယ်ရဲ့အကူအညီနဲ့ လက်ဖက်ခြောက်ပို့တဲ့ ဦးလေးကြီးနဲ့အတူ ဟော်နန်းထဲကို ဝင်ခဲ့တာပါ…”

သိသိသာသာပျက်ယွင်းသွားတဲ့ မျက်နှာကြောင့် စော်ဘွားငယ် ဘယ်လောက်အထိ ဒေါသထွက်နေပြီလဲဆိုတာ ခွန်မှိုင်း သိသွားလေတော့သည်။

“ဝှူး…”

သက်ပြင်းချလိုက်ကာ ခွန်မှိုင်းကို သေချာကြည့်လိုက်တော့ ခွန်မှိုင်းကလည်း သူ့ကို သေချာပြန်ကြည့်နေ၏။

“အခုချိန်မှာ မယွင်းက ငါ့လက်ထဲမှာမရှိတော့ဘူး ခွန်မှိုင်း… သူနဲ့ငါက ပြိုင်ဘက်တွေဆိုပေမယ့် ငါက သူ့ထက် သာတယ်လို့ထင်တယ်… ဘာလို့လဲဆိုတော့ မယွင်းက ငါ့အပေါ်မှာခံစားချက်ရှိနေတယ်လေ ဟုတ်တယ်မို့လား…”

“ဟုတ်ပါတယ် စော်ဘွားငယ်… ကြင်ယာတော်က ရှေးဦးစာဆိုအပေါ်မှာ သူငယ်ချင်းတစ်ယောက်ထက် ဘယ်တုန်းကမှ မပိုခဲ့ပါဘူး…”

သူ့စကားကြောင့် စော်ဘွားငယ်မျက်နှာက ပြုံးယောင်သမ်းသွားလေသည်။

“ဒါပေမယ့် ငါ စိုးရိမ်နေတာနှစ်ခုရှိတယ်…”

“နှစ်ခု…”

သူ့စကားကြောင့် ခွန်မှိုင်းက နားမလည်သလိုဖြင့် သူ့ကိုကြည့်ကာ ပြောလာ၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now