အခန်း(၇)

161 3 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၇) 💋

သူ့စကားကိုနားထောင်ပြီး အားလုံးက သူ့ကိုပဲ ကြည့်နေကြလေသည်။ အားလုံးရဲ့အကြည့်တွေက သူ့အပေါ်မှာ ထူးဆန်းတယ်ဆိုတာထက် နားမလည်သော အကြည့်တွေနဲ့ ကြည့်နေကြခြင်းဖြစ်သည်။

“ဘာကိုဆိုလိုချင်တာလဲ စော်ဘွားငယ်…”

ဒွေးတော်နန်းခင်လှရဲ့အမေးကြောင့် သူ့အကြည့်တွေက ဒွေးတော်ဆီသို့ ရောက်သွား၏။

“ကျွန်တော် လောလောဆယ်တော့ ဒီမှာပဲဆက်နေမယ် ဒွေးတော်…”

“ဘာအတွက်လဲ…”

“ကျွန်တော့်အရိုက်အရာအတွက်ပေါ့…”

“ဟင်…”

ဒွေးတော်ရဲ့အကြည့်တွေက သူ့ဆီကနေ အနွယ်တော်တွေဆီသို့ရောက်သွားပြီး မျက်မှောင်ကြုတ်သွားတော့၏။

“တူတော်ဆိုလိုချင်တဲ့အဓိပ္ပာယ်က…”

“ခမည်းတော်ဆီကနေ အခေါ်လွှတ်တဲ့စာ ရောက်မလာမချင်း မြောက်ပိုင်းကအနွယ်တော်တွေအားလုံးရဲ့ ယုံကြည်မှုကို ကျွန်တော်ရမှဖြစ်မယ် ဒွေးတော်… အဲ့ဒါမှ ခမည်းတော်ရဲ့အရိုက်အရာကို ဆက်ခံဖို့အတွက် ကျွန်တော်အဆင်ပြေမှာ…”

ဒွေးတော်တစ်ယောက်တည်းသာ ကြားနိုင်လောက်သည့် လေသံဖြင့် ခပ်တိုးတိုးပြောလိုက်တဲ့ သူ့စကားကြောင့် ဒွေးတော်က နားလည်သွားသလို ခေါင်းညိမ့်ပြလာလေသည်။ မြောက်ပိုင်းအနွယ်တော်တွေထဲမှာ စဝ်မဟာနွယ်ကလွဲရင် ဒွေးတော်တစ်ယောက်တည်းသာ သူ့ဘက်မှာရှိသည်မို့ သူ ဒွေးတော်တစ်ယောက်ထဲကိုသာ ပြောပြလိုက်မိခြင်းဖြစ်သည်။

“တူတော့်တွေးထားတာ မှန်တယ်… အဲ့ဒါကြောင့် တူတော် ဒီမှာ ပျော်ပျော်နေနိုင်ပါတယ်… လိုအပ်တာရှိရင်လည်း ဒွေးတော်တို့အားလုံးကို ပြောပြလို့ရပါတယ် တူတော်…”

“ဟုတ်ကဲ့ပါ ဒွေးတော်… ကျေးဇူးတင်ပါတယ်…”

အားလုံးရဲ့အကြည့်တွေက သူနဲ့ဒွေးတော်ဆီမှာသာ စူးစမ်းစွာရောက်ရှိနေကြလေသည်။ အထူးသဖြင့် တံခွန်ဦးရဲ့အကြည့်တွေက မယုံကြည်သလိုအကြည့်တွေပဲဖြစ်သည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now