အခန်း(၉)

121 4 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၉) 💋

“ခမည်းတော်က ပြန်မလာခဲ့ပါနဲ့လို့ သေချာမှာလိုက်တယ်မဟုတ်ဘူးလား သားတော်…”

ခမည်းတော်ရဲ့လက်ဝါးကို သူ့လက်နှစ်ဖက်ဖြင့် အသာအယာဆုပ်ကိုင်ထားရင်းကနေ ခမည်းတော်ကို ခေါင်းရမ်းပြလိုက်လေသည်။

“ဟင့်အင်း ကျွန်တော် ခမည်းတော်ကို စိတ်မချလို့ပြန်လာတာမို့ အပြစ်မပြောပါနဲ့ ခမည်းတော်…”

“မဟုတ်သေးဘူး သားတော်… ဒီအချိန်မှာ သားတော်ရှိနေရမယ့်နေရာက မြောက်ပိုင်းဟော်နန်းမှာလေ ဘာလို့ တောင်ပိုင်းကို ပြန်လာရတာလဲ…”

“ကျွန်တော့်အတွက်တော့ အရာအားလုံးထက် ခမည်းတော်က ပိုအရေးကြီးတယ် ခမည်းတော်… အဲ့ဒါကြောင့် ခမည်းတော် ကောင်းကောင်းကျန်းမာတဲ့အခါမှ မြောက်ပိုင်းကို ကျွန်တော်သွားမယ်…”

သူ့စကားကိုနားထောင်ကာ ခမည်းတော်က ကျေနပ်သလို ပြုံးနေလေသည်။ ထို့နောက် သူ့လက်ကို ပြန်ပြီးဆုပ်ကိုင်လာ၏။

“သားတော်အတွက် ခမည်းတော်က အရေးကြီးသလို တောင်ပိုင်းအနွယ်တော်တွေအတွက် သားတော်က ပိုပြီးအရေးကြီးတယ်ဆိုတာကိုလည်း မမေ့ပစ်လိုက်ပါနဲ့ သားတော်…”

“ဟုတ်ကဲ့ပါ ခမည်းတော်…”

“အခုလည်း ခမည်းတော် သက်သာနေပြီပဲ သားတော် မြောက်ပိုင်းကို ပြန်ရင်ပြန်ပါတော့…”

“ဟင့်အင်း ကျွန်တော် ဒီမှာ ခဏလောက်တော့နေဦးမယ် ခမည်းတော်… ခမည်းတော်ကို စိတ်ချရပြီဆိုမှပဲ ပြန်တော့မယ်…”

ခမည်းတော်က ဘာမှမပြောတော့ဘဲ သူ့ကိုသာ သေချာကြည့်နေလေ၏။

“သားတော်ကို အရေးကြီးတာတစ်ခုပြောစရာရှိတယ်…”

“ဟုတ်ကဲ့ ပြောပါ ခမည်းတော်…”

ခမည်းတော်က မပြောသေးဘဲ သူ့ကို တွေဝေစွာကြည့်နေပြန်၏။ ခမည်းတော်ရဲ့အကြည့်တွေက အရေးကြီးလေးနက်သည့်စကားတစ်ခွန်း ပြောတော့မည့်ပုံစံကဲ့သို့ ဖြစ်နေသဖြင့် သူလည်း ဂရုတစိုက်ဖြင့် နားထောင်နေလိုက်၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now