💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၆) 💋“ခွန်မှိုင်း ကားကိုအမြန်မောင်းပါလား…”
စော်ဘွားငယ်၏စကားကြောင့် ခွန်မှိုင်း ကားမောင်းနေရင်းကနေ စော်ဘွားငယ်အား လှည့်ကြည့်လိုက်လေသည်။ စော်ဘွားငယ်မျက်နှာကအငွေ့အသက်တွေက ဒီကလေးမအပေါ်မှာ အရမ်းကိုစိုးရိမ်နေသည့်ပုံပဲဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူ့တစ်ဘဝလုံးမှာ စော်ဘွားငယ် ယခုကဲ့သို့ ပူပန်နေပုံကို တစ်ကြိမ်တစ်ခါမျှ မမြင်ခဲ့ဖူးခဲ့ပါ။
“ဒီထက်မြန်အောင်မောင်းရင် အန္တရာယ်ရှိပါတယ် စော်ဘွားငယ်… ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ…”
“ဟုတ်ပါတယ် စော်ဘွားငယ် စိတ်မပူပါနဲ့ မယွင်း အန္တရာယ်ကင်းမှာပါ…”
ခွန်မှိုင်းက ကားကိုတည်ငြိမ်စွာမောင်းနေသလို ညွှန်းသည်လည်း ပတ်ဝန်းကျင်သို့ အကဲခတ်ကြည့်ကာ အေးဆေးစွာဖြင့်ပင် ကားပေါ်မှာပါလာခြင်းဖြစ်၏။
“မင်းပြောတဲ့နေရာကို မရောက်သေးဘူးလား ချာတိတ်…”
စော်ဘွားငယ်၏အမေးကို ထိုလူငယ်က စိတ်မဝင်စားသည့်ပုံဖြင့် ကားပေါ်ကနေ ရှေ့ကြည့် နောက်ကြည့်ဖြင့် ကြည့်နေလေသည်။ ဒါပေမယ့် သူ့ပုံစံက စော်ဘွားငယ်ထက်တောင်မှ ပိုပြီးစိုးရိမ်နေတယ်ဆိုတာ အသိသာကြီးပင်ဖြစ်သည်။
“မင်းကိုမေးနေတယ်လေ ရှေးဦးစာဆို…”
ကားမောင်းနေရင်းကနေ သူက မနေနိုင်စွာ မေးလိုက်တော့မှ ထိုလူငယ်က စော်ဘွားငယ်ကို လှည့်ကြည့်လိုက်ကာ
“ရောက်ခါနီးပါပြီ…”
စော်ဘွားငယ်အမေးကိုဖြေရင်းကနေ ထိုလူငယ်ရဲ့အကြည့်တွေက စော်ဘွားငယ်ကိုအကဲခတ်နေတယ်ဆိုတာကို ခွန်မှိုင်းသိလိုက်ရလေသည်။
“ကိုခွန်မှိုင်း ကားကို ဂရုစိုက်မောင်းပါ….”
ကြင်ယာတော် ညွှန်းဖွဲ့ရာသီ၏စကားကြောင့် ခွန်မှိုင်း ခေါင်းအသာညိမ့်လိုက်ကာ ကားမောင်းတာကို အာရုံစိုက်လိုက်လေတော့သည်။
“ရှေ့ကလမ်းကွေ့ကိုတွေ့ရင် ကွေ့လိုက်ပါ… ပြီးရင် တည့်တည့်မောင်းလိုက်…”
VOUS LISEZ
ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)
Roman d'amour💜 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💜 အချစ်ဆိုတာမျိုးက ထူးဆန်းပါတယ်။ ဘယ်လိုပဲ အခြေအနေတွေကွာဝေးကွာဝေး ဘယ်လောက်ပဲ ရေမြေတွေခြားခြား တွေ့ဆုံနိုင်တာမျိုးက အချစ်ပါပဲ။ အမှတ်မထင် ဆုံတွေ့ခြင်းကစပြီး မေ့ပျောက်လို့မရနိုင်ခဲ့တဲ့ စံပယ်တင်မှည့်နက်ပိုင်ရှင်လေးကို ချစ်မိခ...