အခန်း(၃၂)

82 0 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၂) 💋

“စားလေ မယွင်းရဲ့… ဘာတွေ တွေးနေတာလဲ…”

“ဟင်… ဟင့်အင်း မတွေးပါဘူး…”

သူ့ကို ပြုံးကာပြောလာတဲ့ မယွင်းစကားကြောင့် သူလည်း ပြုံးလိုက်မိလေသည်။ မယွင်း တစ်စုံတစ်ခုကို တွေးနေတယ်ဆိုတာ သူ သိပေမယ့်လည်း ဘာကိုတွေးနေတယ်ဆိုတာကို သူ ကြားနိုင်ဖို့ ခွန်အားမရှိပေ။ သူ မဖြစ်စေချင်တာကို မယွင်းက တွေးနေတယ်ဆိုတာကို သူသိသည်။

“ရှေးဦး…”

“အင်း ပြောလေ…”

“နင် ကံကိုယုံလားဟင်…”

“ဟင်…”

မယွင်း၏ ထူးဆန်းတဲ့မေးခွန်းကြောင့် သူ မျက်မှောင်ကြုတ်သွားမိလေသည်။ လက်ထဲက အကြော်ကို ချဉ်စပ်ရည်နဲ့တို့လိုက်ပြီးမှ ပါးစပ်ထဲထည့်လိုက်ကာ မယွင်းကို ခေါင်းရမ်းပြလိုက်၏။

“မယုံဘူး…”

“ဘာလို့လဲ…”

“မသိဘူး… ဒါပေမယ့် ငါ မယုံဘူး မယွင်း…”

“အဲ့ဒါဆိုရင် ရေစက်ဆိုတာကိုရော ယုံလား…”

“ရေစက်…”

“အင်း… ကိုယ် သိကျွမ်းခဲ့တဲ့ တစ်စုံတစ်ယောက်နဲ့ အကြာကြီးဝေးသွားပြီးမှ ပြန်ဆုံတွေ့ရတာမျိုးလေ…”

သူ အကြော်စားရင်းကနေ မယွင်းကိုသေချာကြည့်လိုက်တော့ မယွင်းက သူ့ဆီကအကြည့်တွေကို တခြားသို့လွှဲသွားလိုက်ပြီး ခေါင်းငုံ့သွားလေသည်။

“မယွင်း နင် ငါ့ကိုလိမ်နေတာမို့လား…”

“ဘာကိုလဲ…”

“ဒီကနေ ပျောက်သွားပြီး ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ အတိတ်ကို နင် မေ့ချင်ယောင်ဆောင်ထားတာ ငါ သိတယ် မယွင်း…”

“ဟင်…”

သူ့ကို မော့ကြည့်လာတဲ့ မယွင်းမျက်ဝန်းထဲက မျက်ရည်တွေကို သူ တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားကာ

“မယွင်း… ဘာဖြစ်လို့လဲ…”

“မဖြစ်နိုင်တဲ့အရာတစ်ခုကို ငါ ဘာလို့များ တောင့်တနေမိလဲမသိဘူး ရှေးဦးရယ်…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now