💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၁) 💋တစ်မိုးချုပ်သွားလေ စိုးရိမ်ပူပန်စိတ်က ရင်နှင့်မဆံ့အောင်ဖြစ်လာလေပင်။ လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အံကြိတ်လိုက်မိတော့ သွားတွေက ကျိခနဲအသံထွက်သွား၏။
“အဲ့ဒါ ဘာဖြစ်နေတာလဲ ရှေးဦးစာဆို…”
မာမီ့အသံကိုကြားလိုက်ရသဖြင့် သူ မာမီ့ကို အားကိုးတကြီးကြည့်လိုက်ကာ မာမီ့လက်တစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လိုက်လေသည်။
“မာမီ…”
“အဲ့ဒီရုပ်က ဘာဖြစ်နေတာလဲ…”
“မယွင်း… မယွင်းလေ… မယွင်းကို အခုချိန်ထိ ပြန်မတွေ့သေးဘူး…”
မျက်မှောင်ကြုတ်သွားသည့် မာမီသည် တစ်စုံတစ်ခုကို စဉ်းစားနေသလို ငြိမ်သွားလေသည်။
“နှစ်ရက်တောင်ရှိနေပြီ ပြန်မတွေ့သေးဘူးလား…”
“ဟုတ်တယ် မာမီ… ကျွန်တော်လေ မယွင်းအတွက် စိတ်ပူလွန်းလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ကို ပူလောင်နေပြီ မာမီရယ်…”
သူ့စကားကြောင့် မာမီက သူ့ကို အလိုမကျစွာဖြင် စူးရဲစွာ သေချာကြည့်လာ၏။
“မင်း အဲ့ဒီကောင်မလေးကို သဘောကျနေတာလား ရှေးဦးစာဆို…”
သူ သက်ပြင်းချလိုက်ကာ မာမီ့ကို သေချာကြည့်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်လေသည်။
“ဘာ…”
“ဟုတ်ပါတယ်… ကျွန်တော် မယွင်းကို သဘောကျတယ် မာမီ… ဘယ်လိုအကြောင်းကြောင့်နဲ့မှ မယွင်းကို စွန့်လွှတ်မှာမဟုတ်ဘူး…”
“ငါက သဘောမတူဘူးဆိုတာတောင်မှ မင်းက မယွင်းသစ္စာကို သဘောကျနေဦးမယ်ပေါ့ ဟုတ်လား…”
မာမီ့အမေးကို သူ သေချာနားမလည်ပေမယ့် ခေါင်းညိမ့်ပြလိုက်၏။ မာမီကတော့ သူ့ကို သေချာသာကြည့်နေလေတော့သည်။
“မယွင်းကို အမြန်ဆုံးရှာတွေ့နိုင်အောင် ကူညီပေးပါ မာမီ…”
“ဘာလို့ ကူညီပေးရမှာလဲ…”
“ကျွန်တော် မာမီ့ဆီက ပထမဆုံးအနေနဲ့ အကူအညီတောင်းတာပါ… ကျွန်တော့်ဘဝမှာ မယွင်းမရှိလို့မဖြစ်ဘူး ကျွန်တော် မယွင်းကိုချစ်တယ်…”
YOU ARE READING
ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)
Romance💜 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💜 အချစ်ဆိုတာမျိုးက ထူးဆန်းပါတယ်။ ဘယ်လိုပဲ အခြေအနေတွေကွာဝေးကွာဝေး ဘယ်လောက်ပဲ ရေမြေတွေခြားခြား တွေ့ဆုံနိုင်တာမျိုးက အချစ်ပါပဲ။ အမှတ်မထင် ဆုံတွေ့ခြင်းကစပြီး မေ့ပျောက်လို့မရနိုင်ခဲ့တဲ့ စံပယ်တင်မှည့်နက်ပိုင်ရှင်လေးကို ချစ်မိခ...