အခန်း(၂၇)

83 0 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၇) 💋

အပြင်က ရုတ်တရက်မြင်ရတာတောင်မှ နန်းဆန်သလောက် လှပသော ဟော်နန်းကြီးကို မြင်းလှည်းပေါ်ကနေမြင်လိုက်ရသဖြင့် သူ သဘောကျသွားမိလေသည်။

“ဦးလေးက ဟော်နန်းထဲကို ရောက်ဖူးတယ်ဆိုတော့ အထဲမှာရော လှလားဟင်…”

“အင်း လှတယ်လို့ပဲပြောရမလား… ဒါပေမယ့် ဦးလေးတာဝန်က စားဖိုဆောင်ကိုပဲ သွားရတာ တခြားနေရာတွေ အခွင့်မရှိဘဲ ကြည့်လို့ရတော့ သေချာတော့မပြောတတ်ဘူး… ဒါပေမယ့် သေချာပေါက် လှမှာပါ…”

“ဟော်နန်းထဲကို လူတိုင်း ဝင်ခွင့်မရှိဘူးလား…”

ဦးလေးကြီးက မြင်းလှည်းကို ဂရုတစိုက်မောင်းရင်းကနေ နောက်မှာကျန်ခဲ့သည့် ဟော်နန်းကြီးကို တစ်ချက်လှည့်ကြည့်လိုက်ကာ သူ့ကို ခေါင်းငြိမ့်ပြလာ၏။

“အင်းပေါ့… ဘယ်ဝင်လို့ရမလဲ… ဦးလေး ဝင်ခွင့်ရတယ်ဆိုတာကလည်း ပစ္စည်းပို့ပေးရလို့ပဲလေ…”

“ဪ…”

“နောက်ပြီးတော့ ညောင်ရွှေစော်ဘွားရဲ့ဆွေတော်မျိုးတော်တွေဖြစ်တော့ မျိုးနွယ်ဂုဏ်ကလည်း တယ်ကြီးသကိုး ငါ့တူရဲ့…”

တကယ်တော့ ထိုအကြောင်းအရာတွေကို သူ သေချာနားမလည်ပါ။ သူ ဒီကိုရောက်လာတယ် ဆိုတာကလည်း မယွင်းကိုရှာဖို့အတွက်ဆိုတော့ ဒီဟော်နန်းကြီးရဲ့မျိုးနွယ်ကိစ္စတွေ၊ ဟော်နန်းကို ဝင်ခွင့်ရှိတာတွေက သူနဲ့ မသက်ဆိုင်ဘူးဟု တွေးလိုက်မိကာ ဦးလေးကြီးကို ခေါင်းငြိမ့်ပြလိုက်မိလေသည်။

“ငါ့တူ ဟော်နန်းထဲကို ဝင်ချင်တယ်ဆိုရင်တော့ ပျံလွှားငယ်က လက်ဖက်ရည်နဲ့လက်ဖက်ခြောက်တွေကို ဟော်နန်းထဲ ဦးလေး သွားပို့ပေးရတဲ့အခါ ဦးလေး ခေါ်သွားပေးမယ်လေ…”

“ကျေးဇူးတင်ပါတယ် ဦးလေး… ဒါပေမယ့် ရပါတယ် ကျွန်တော်နဲ့ မသက်ဆိုင်တဲ့နေရာဖြစ်လို့ ကျွန်တော် မသွားချင်ပါဘူး…”

“အင်း… အဲ့လိုဆိုတော့လည်း ဟုတ်ပါပြီလေ…”

ပျံလွှားငယ်ကိုရောက်တော့ ဦးလေးကြီးက သူ့အထုပ်တွေကိုဆွဲယူကာ အထဲအထိ လိုက်ပို့ပေးသဖြင့် သူ ဦးလေးကြီးကို ကျေးဇူးတင်အားနာမိသွားတော့၏။ သူ ကျသင့်ငွေ ရှင်းလိုက်ရင်းဖြင့် ဦးလေးကြီးကို ကျေးဇူးတင်စကား ဆိုလိုက်မိလေသည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Onde histórias criam vida. Descubra agora