💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၅) 💋အဆောင်ထဲမှာရပ်ထားသည့် စက်ဘီးကို သေချာကြည့်နေရင်းကနေ သူ တွေဝေနေလေတော့သည်။ သူ မယွင်းကို ဒီစက်ဘီး စီးခိုင်းလို့ဖြစ်ပါ့မလား။ မတော်လို့ စက်ဘီးစီးနေရင်းကနေ ဟိုလူငယ်ကိုသတိရသွားပြီး အတိတ်ကိုမှတ်မိသွားရင် ဘယ်လိုလုပ်မလဲ။ အဲ့လိုသာဆိုရင် ဒီနန်းဆောင်ထဲမှာ သူတစ်ယောက်ထဲကျန်နေခဲ့မှာ သေချာပေါက်ပဲဖြစ်သည်။
သူ ထိုင်ခုံမှာ ပြန်ထိုင်လိုက်ရင်းကနေ သက်ပြင်းမောတစ်ခုကို ချလိုက်မိ၏။ သူ့ဘဝမှာ ဘယ်တုန်းကမှ သက်ပြင်းမချခဲ့ဖူးပါ။ ဘယ်တုန်းကမှ ပူပန်မှုမရှိခဲ့တဲ့သူ့ဘဝက သူမကို သဘောကျခဲ့မိတော့မှပဲ သူမကိုဆုံးရှုံးရမှာကြောက်ပြီး ပူပန်မှုများစွာဖြင့် သက်ပြင်းမောများစွာကိုလည်းချခဲ့မိတာအကြိမ်ကြိမ်အခါခါပဲဖြစ်လေသည်။
“စော်ဘွားငယ်…”
“ဟင် ခွန်မှိုင်း…”
ခွန်မှိုင်းက အဆောင်ထဲဝင်လာပြီးတော့မှ အဆောင်ထဲမှာရပ်ထားသည့်စက်ဘီးကိုမြင်ကာ ခြေလှမ်းတွေတန့်သွားလေသည်။
“ဒီစက်ဘီးက…”
သူ အကြည့်တွေကို စက်ဘီးဆီသို့လွှဲလိုက်ကာ
“မယွင်းစီးဖို့…”
“မဖြစ်ပါဘူး စော်ဘွားငယ်…”
“ဘာလို့လဲ…”
“စော်ဘွားငယ် တောင်ပိုင်းကပြန်ရောက်တဲ့အချိန်ကတည်းက ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတဲ့အတွက် အားလုံးက စော်ဘွားငယ်ကို စောင့်ကြည့်နေကြပါတယ်…”
“ဘာ…”
“စော်ဘွားငယ် မသိဘူးလား… အကုန်လုံးက စော်ဘွားငယ်ကို တွေ့ပြီး စကားတွေပြောချင်နေကြတယ်… အဲ့ဒါ စော်ဘွားငယ် ဘယ်လိုစဉ်းစားထားလဲ…”
“ငါ စဉ်းစားထားပါတယ်…”
“ဟုတ်လား…”
“ငါ ဘယ်သူ့ကိုမှ အတွေ့ခံမှာမဟုတ်ဘူး…”
“အဲ့လိုလုပ်လို့မရဘူး စော်ဘွားငယ်… စော်ဘွားငယ်က တောင်ပိုင်းရဲ့စော်ဘွားငယ်ပါ တောင်ပိုင်းရဲ့အရေးကိစ္စအားလုံးက စော်ဘွားငယ်အပေါ်မှာပဲမူတည်နေတာ…”
ESTÁS LEYENDO
ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)
Romance💜 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💜 အချစ်ဆိုတာမျိုးက ထူးဆန်းပါတယ်။ ဘယ်လိုပဲ အခြေအနေတွေကွာဝေးကွာဝေး ဘယ်လောက်ပဲ ရေမြေတွေခြားခြား တွေ့ဆုံနိုင်တာမျိုးက အချစ်ပါပဲ။ အမှတ်မထင် ဆုံတွေ့ခြင်းကစပြီး မေ့ပျောက်လို့မရနိုင်ခဲ့တဲ့ စံပယ်တင်မှည့်နက်ပိုင်ရှင်လေးကို ချစ်မိခ...