အခန်း(၃၅)

74 1 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၃၅) 💋

ဘယ်လိုပဲဖြစ်ဖြစ် သူ မယွင်းအတွက် ဝမ်းသာရမှာပဲဖြစ်သည်။ ကိုယ်ချစ်ရတဲ့သူကို မပိုင်ဆိုင်နိုင်ပေမယ့်လည်း ကိုယ်ချစ်ရတဲ့သူပျော်ရွှင်ရရင် သေချာပေါက် သူလည်း ပျော်ရွှင်ရမှာပါ။

“ဘာတွေ တွေးနေတာလဲ လူလေးရဲ့… အကြော်စားနေတာ စိတ်မပါတဲ့ပုံပဲ…”

အကြော်ကြော်ရင်းဖြင့် လှမ်းပြောလာသည့် အဒေါ်ကြီးကြောင့် ရှေးဦး ပြုံးတယ်ဆိုရုံသာ ပြုံးလိုက်မိလေသည်။ ဟန်ဆောင်အပြုံးတွေအောက်က သူ့ရဲ့ နာကျင်ခြင်းကို အဒေါ်ကြီးကတော့ သိမှာမဟုတ်။

“ဘာလို့များလဲ ကောင်မလေး ပါမလာလို့လား…”

“ဗျာ…”

“အတူတူလာစားနေကျ ကောင်မလေးလေ… မယွင်း…”

အဒေါ်ကြီးစကားကြောင့် သူ သဘောကျစွာ ပြုံးလိုက်မိပြီး အဒေါ်ကြီးကိုကြည့်ကာ ခေါင်းရမ်းပြလိုက်မိလေသည်။

“ကျွန်တော်နဲ့ မယွင်းက သူငယ်ချင်းတွေပဲ အဒေါ်ရယ်…”

“ဟုတ်လို့လားကွယ်… မင်းပုံစံက မယွင်းအပေါ်မှာ သူငယ်ချင်းလို့သဘောထားတာနဲ့ မတူပါဘူးနော်…”

အဒေါ်ကြီးတောင် ရိပ်မိနေသည့် သူ့ခံစားချက်တွေကို မယွင်းက ဘာအတွက်နဲ့များ ငြင်းရက်ရတာလဲ တွေးမိတိုင်း သူ့ရင်ထဲမှာ သိပ်ကိုနာကျင်ရပါသည်။

“သေချာလို့လား…”

“မသေချာလို့ပဲ ငါတို့ ဒီမှာလာစောင့်နေတာပေါ့ကွ…”

“နေပါဦး… စော်ဘွားငယ်က တောင်ပိုင်းကိုပြန်မယ်ဆိုတာ ထားပါတော့… ဒီလမ်းကလာမယ်ဆိုတာက တကယ်ရောဟုတ်ရဲ့လား…”

“ဟေ့ကောင် ငဒူ… ငါ မြန်မာလိုပြောနေတာ နားမလည်ဘူးလား… ငါလည်း မသိလို့ မင်းနဲ့အတူ ဒီနေရာမှာစောင့်နေတာလေ…”

သူ့နောက်ကျောဘက်က စားပွဲဝိုင်းကနေ အံကြိတ်ကာ အသံတိုးတိုးဖြင့်ပြောနေသည့်လူတွေကြောင့် သူ မျက်မှောင်ကြုတ်သွားမိတော့၏။ ထိုလူတွေပြောနေကြသည်မှာ စော်ဘွားငယ်အကြောင်းဆိုတော့ ဒါ ကိုစဝ်မုန်းသဝဏ်ကိုပြောတာပေါ့။ အဲ့ဒါဆို သူတို့က ဘယ်သူတွေလဲ။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now