အခန်း(၁၉)

112 1 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၉) 💋

“ခမည်းတော်ကို ခွန်မှိုင်း ဘာတွေပြောထားမှန်း ကျွန်တော်မသိပေမယ့် သူပြောသမျှတိုင်းက အမှန်တရားမဟုတ်ဘူးဆိုတာကို ခမည်းတော်ကို သိစေချင်ပါတယ် ခမည်းတော်…”

ဘာစကားမှပြန်မပြောဘဲ ငြိမ်သက်စွာဖြင့် ဆေးကျမ်းတစ်ခုကို ဖတ်နေသော ခမည်းတော်သည် စာရွက်တစ်ရွက်ကို လှန်လိုက်လေသည်။

“ခမည်းတော်…”

“ထိုင်ပါဦး သားတော်… ရောက်ကတည်းက မထိုင်ဘဲ စကားတွေတရစပ်ပြောနေရလောက်အောင် သားတော် ဘာတွေများ အလျင်လိုနေရတာလဲ…”

ခမည်းတော်ပြောလာတော့မှ သူ ခမည်းတော်ဘေးရှိထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ ခမည်းတော်၏ အကြည့်တွေသည် ဆေးကျမ်းစာအုပ်ဆီမှ သူ့ထံရောက်လာကာ သူ့ကို သေချာကြည့်လာလေသည်။

“သားတော်…”

“ဟုတ်ကဲ့ ပြောပါ ခမည်းတော်…”

ခမည်းတော်သည် ခေါင်းညိမ့်တယ်ဆိုရုံသာ တစ်ချက်ညိမ့်လိုက်ပြီး စာအုပ်ကိုပိတ်လိုက်ကာ စားပွဲပေါ်သို့ အသာလှမ်းတင်လိုက်၏။ ဒါပေမယ့် ခမည်းတော်၏ထိုင်ခုံနှင့်စားပွဲသည် အနည်းငယ် အလှမ်းဝေးနေသဖြင့် စာအုပ်သည် စားပွဲပေါ်သို့မရောက်ဘဲရှိနေလေသည်။ သူလည်း မတ်တပ်ရပ်လိုက်ကာ ခမည်းတော်လက်ထဲကစာအုပ်ကိုယူလိုက်ပြီး စားပွဲပေါ်သို့ တင်ပေးလိုက်၏။

“ကျေးဇူးပါ သားတော်…”

“ခွန်မှိုင်း ဘာတွေပြောထားတာလဲ…”

“အိမ်း…”

မျက်လုံးကိုအသာမှတ်လိုက်ရင်း သက်ပြင်းချကာပြောလာတဲ့ ခမည်းတော်ကိုကြည့်ကာ သူ မျက်မှောင်ကြုတ်လိုက်မိ၏။ ခမည်းတော်သည် တစ်စုံတစ်ခုကို စဉ်းစားပြီဆိုလျှင် မျက်လုံးမှိတ်သွားလေ့ရှိသည်။ အခုလည်း ခမည်းတော် ဘာကိုစဉ်းစားနေသည်ဆိုတာကို သူမသိပါ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ခွန်မှိုင်းပြောတဲ့စကားတွေပဲနေမှာပါ။

“သားတော်ရဲ့ထိမ်းမြားမှုကို အမြန်ဆုံးစီစဉ်ပေးမှဖြစ်တော့မယ်…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now