အခန်း(၁၇)

126 1 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၇) 💋

“ခမည်းတော်ပြောချင်တာ ဘာအဓိပ္ပာယ်လဲ ခမည်းတော်…”

ဖုန်းကိုင်ထားရင်းကနေ သူ နားမလည်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိလေသည်။

“ဟုတ်တယ် သားတော်… အခြေအနေက အဲ့လိုဖြစ်သွားတယ် အဲ့ဒါကြောင့် သားတော် တောင်ပိုင်းကို ခဏပြန်လာခဲ့ပါ…”

“ခမည်းတော်ပြောတဲ့စကားတွေက ထိမ်းမြားမှုနဲ့မသက်ဆိုင်ဘူးမို့လား ခမည်းတော်…”

စဉ်းစားသလို ငြိမ်သက်သွားတဲ့ ခမည်းတော်ကြောင့် သူ့စိတ်ထဲမှာ တွေဝေသွားလေတော့သည်။ ရုတ်တရက်ကြီး သူ့ကို တောင်ပိုင်းကို ပြန်လာစေချင်သည့် ခမည်းတော်၏ဆန္ဒကို သူ တကယ်ပဲ နားမလည်နိုင်တော့ပါ။ သူထင်တာမလွဲဘူးဆိုလျှင် ဒီကိစ္စက သူ့ထိမ်းမြားမှုနဲ့ သေချာပေါက် သက်ဆိုင်နေနိုင်၏။

“ခမည်းတော်စကားကိုနားထောင်ပြီး တောင်ပိုင်းကို ခဏပြန်လာခဲ့ပါ သားတော်…”

“ဒါပေမယ့်…”

သူ့စိတ်ထဲမှာ စိုးရိမ်နေတာက ဟိုမိန်းကလေးကိုပဲဖြစ်၏။ သူမကိုအနှောင့်အယှက်ပေးသည့် ဟိုလူရမ်းကားကို သူ အပြစ်ပေးထားပြီဆိုပေမယ့်လည်း သူမ၏ အစ်ကိုကိုတော့ စိတ်မချနိုင်သေးပါ။ အဲ့ဒါကလည်း ရှေးဦးစာဆိုပြောခဲ့သော စကားတွေကြောင့်ပဲဖြစ်၏။

“ခမည်းတော်ပြောတာကို ကြားလား သားတော်… ဒီနေ့ ဒါမှမဟုတ်ရင် မနက်ဖြန် တောင်ပိုင်းကိုရောက်အောင် သားတော်နဲ့ခွန်မှိုင်း အမြန်ဆုံးပြန်လာခဲ့ပါ…”

“ကျွန်တော် ဒီမှာ ခဏလောက်နေချင်သေးတယ် ခမည်းတော်…”

“ဘာအရေးကြီးကိစ္စရှိလို့လဲ သားတော်… အရေးကြီးကိစ္စမရှိရင် မနေပါနဲ့…”

“ကျွန်တော်…”

စကားပြောရင် ဘယ်တုန်းကမှ တွေဝေခြင်းမရှိခဲ့တဲ့သူ အခုတော့ သူမကြောင့်နဲ့ တွေဝေနေရလေပြီ။ မဖြစ်နိုင်မှန်းသိတာတောင်မှ ဘာလို့များ သူ့စိတ်က မပြတ်သားနိုင်ရတာလဲ။

“ခမည်းတော် သားတော်ကို ရှင်းရှင်းပဲပြောမယ်… လူသားတွေကြားက စိတ်ခံစားချက်ဆိုတာ တစ်ခါတစ်လေကျရင် မိုးနဲ့မြေလိုပဲ အလှမ်းကွာဝေးလွန်းတယ်…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now