အခန်း(၆)

166 2 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၆) 💋

မြောက်ပိုင်းအနွယ်တော်တွေအားလုံး စုံနေပြီဖြစ်သဖြင့် သူ အားလုံးရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်လေသည်။ တချို့တွေက သူ့ကို လိုလားသည့်အသွင်ရှိကြသလို တချို့ကလည်း မလိုလားသည်ကို ဟန်ဆောင်မှုကင်းစွာဖြင့် သူ့ကို အရေးမလုပ်ကြဘဲ သူတို့ပြောစရာရှိသည်ကိုသာ ပြောနေကြလေသည်။ တချို့ကတော့ အပေါ်ယံမျက်နှာဖုံးတွေဖြင့် သူ့ကို ပြုံးကာကြည့်နေကြပြန်သည်။

“စော်ဘွားငယ်…”

စဝ်မဟာနွယ်ရဲ့ခေါ်သံကြောင့် အားလုံးရဲ့အကြည့်တွေက စဝ်မဟာနွယ်ဆီသို့ ရောက်သွားကြလေသည်။ သူမလက်ထဲမှာ ယွန်းအုပ်လေးတစ်ခုကို ကိုင်ထား၏။

“အဲ့ဒါဘာလဲ စဝ်မဟာနွယ်…”

“စော်ဘွားငယ်အတွက် မြောက်ပိုင်းရဲ့လက်ဆောင်ပါ…”

အခန်းထဲသို့ ဝင်လာရန် ဟန်ပြင်နေတဲ့စဝ်မဟာနွယ်ကို သူ ကြည့်ကာ ပြုံးလိုက်မိလေသည်။

“ရပ်လိုက်…”

ဟန့်တားလိုက်သံကြောင့် သူမခြေလှမ်းတွေ ရပ်တန့်သွားကာ အသံကြားရာဆီသို့ ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားတော့၏။

“စဝ်တံခွန်ဦး…”

ပေစောင်းစောင်းအကြည့်နဲ့ သူမကိုကြည့်နေတဲ့ စဝ်တံခွန်ဦး။ အားလုံးရဲ့အကြည့်တွေကလည်း သူမတို့နှစ်ယောက်ဆီမှာသာ ရှိနေကြလေသည်။ သူမအနားသို့ရောက်လာတဲ့ စဝ်တံခွန်ဦးက သူမလက်ထဲက ယွန်းအုပ်ကိုကြည့်လိုက်ကာ

“မင်းက ဘယ်သူမို့လို့ ဒီနေရာအထိရောက်လာတာလဲ…”

“ဘာ… ငါဘယ်သူလဲဆိုတာ နင်မသိဘူးလား…”

“သိတယ်လေ… မင်းက ညွှန်းရဲ့အစ်မတစ်ဝမ်းကွဲ စဝ်မဟာနွယ်… ဒါပေမယ့် မင်းက စဝ်မုန်းသဝဏ်ရဲ့သူငယ်ချင်းတစ်ယောက်ဆိုတာထက် မပိုတဲ့လူတစ်ယောက်…”

“ဘာ…”

တံခွန်ဦး ဘာဆက်မလဲဆိုတာကို သူ နားထောင်နေလိုက်လေသည်။ တံခွန်ဦးက ရှေ့ကပိတ်ကာ စဝ်မဟာနွယ်ကို စကားပြောနေသဖြင့် သူမကလည်း ယွန်းအုပ်လေးကို ကိုင်ရင်းဖြင့်ပင် ဝင်ပေါက်မှာ မတ်တပ်ရပ်ကာ အလိုမကျဖြစ်နေလေသည်။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now