အခန်း(၂၈)

77 1 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၂၈) 💋

လွမ်းစရာဆိုတာ ဘယ်လိုအရာကိုခေါ်မှန်း မယွင်း မသိပေမယ့် အခုချိန်မှာ မယွင်း လူတစ်ယောက်ယောက်ကို လွမ်းနေတဲ့ခံစားချက်ကို ခံစားနေရလေသည်။ ခုံမှာထိုင်ရင်းကနေ မျက်လုံးရှေ့မှာမြင်နေရသည့် နေကြာပန်းတစ်ပွင့်ကိုကြည့်ရသည်မှာ အထီးကျန်ဆန်နေ၏။

“မယွင်း…”

ခေါ်သံသဲ့သဲ့ကို ကြားလိုက်ရသဖြင့် နောက်သို့ လှည့်ကြည့်လိုက်တော့ မယွင်း၏ချစ်သူ နောက်ပြီး မကြာခင်မှာ မယွင်း လက်ထပ်ရတော့မည့်သူဆိုသည့် စော်ဘွားငယ်စဝ်မုန်းသဝဏ်ကို မယွင်း တွေ့လိုက်ရ၏။

“ကိုကို…”

ထိုနာမ်စားသည် မယွင်း သူ့ကိုခေါ်တဲ့ နာမ်စားတဲ့။ ထိုသို့ တစ်ခါခေါ်လိုက်မိတိုင်း မယွင်း ရင်ထဲမှာ တလှပ်လှပ်နဲ့ လှိုက်ဖိုမောသွားတာလည်း ခဏခဏပင်ဖြစ်သည်။ ရင်ခုန်တယ်လို့ပဲ ဆိုရမလား။

“ပျင်းနေပြီလား…”

မယွင်း ကိုကို့ကို ခေါင်းရမ်းပြလိုက်တော့ ကိုကိုက မယွင်းဘေးမှာ ဝင်ထိုင်လာကာ မယွင်းကိုပြုံးပြလာ၏။ ကိုကိုပြုံးလိုက်ရင် ဖြူဖွေးညီညာနေသည့် သွားတို့က တောက်ပနေလေသည်။ ရွှန်းလဲ့နေသည့် မျက်ဝန်းတို့ကလည်း ရဲရင့်ခြင်းအသွင်ကို ဆောင်နေသေး၏။ ကိုကို့ရဲ့မျက်ဝန်းတွေကို မယွင်း သဘောကျသည်။

“တစ်ယောက်ထဲ ဘာတွေတွေးနေတာလဲ…”

“မယွင်း စိတ်ထဲမှာ လူတစ်ယောက်ယောက်ကို သတိရနေလို့…”

“ဟင်…”

မယွင်းစကားကြောင့် စဝ်မုန်း မျက်မှောင်ကြုတ်သွားမိလေသည်။ ဒါဟာ အတိတ်ကို ပြန်သတိရစေမယ့် စကားစများလား။

“မယွင်းက ဘယ်သူ့ကို သတိရနေတာလဲ…”

“ဟင့်အင်း ဘယ်သူလဲတော့ မသိဘူး… ဒါပေမယ့် စိတ်ထဲမှာ အဲ့လိုခံစားနေမိတာ…”

“ကိုကိုများလား…”

သူ့စကားကြောင့် မယွင်းက ပြုံးနေလေသည်။ သူ မယွင်းလက်ကို ဆုပ်ကိုင်လိုက်ကာ မယွင်း မျက်နှာကို သေချာကြည့်ပြီး သက်ပြင်းတစ်ခုကို မသိမသာချလိုက်မိ၏။

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Donde viven las historias. Descúbrelo ahora