အခန်း(၁၈)

104 0 0
                                    

💏 ရှေးထုံးပယ်၍ ချစ်ပါ့မည် 💏
💋 အခန်း(၁၈) 💋

စားပွဲပေါ်တင်ထားသည့် ကော်ဖီကိတ်ကိုကြည့်ကာ သူ မသိမသာသက်ပြင်းချလိုက်မိလေသည်။ ကော်ဖီတစ်မျိုးတည်းကိုသာ အများဆုံးအသုံးပြုထားသည့် ကော်ဖီကိတ်၏အလယ်တည့်တည့်တွင် စတော်ဘယ်ရီသီးခပ်ကြီးကြီးတစ်လုံးကို မြှုပ်နှံထား၏။

“မဟာဒေဝီလုပ်ထားတဲ့ကိတ်မုန့်လေးက တကယ်ကို ကြည့်ကောင်းတာပဲနော် စော်ဘွားငယ်… အရသာလည်း တကယ်ကောင်းမယ့်ပုံပဲ…”

အလိုမကျတဲ့ခံစားချက်တွေက ခွန်မှိုင်းစကားကြောင့် ဒေါသအဖြစ်သို့ ပြောင်းလဲသွားလေတော့၏။

“စော်ဘွားငယ် တစိမ့်စိမ့်ကြည့်နေပုံထောက်ရင် ကြည့်ရတာ မစားရက်ဘူးထင်တယ် ဟုတ်လား စော်ဘွားငယ်…”

“မင်းပါးစပ်ကိုပိတ်ထားလိုက် ခွန်မှိုင်း…”

“ဟင်…”

ရုတ်တရက် ဒေါသထွက်နေသည့် သူ့အသံကိုကြားလိုက်ရသဖြင့် ခွန်မှိုင်း နားမလည်နိုင်ဖြစ်သွားကာ ခေါင်းငုံလျက်ဖြင့်ပင် ခြေလှမ်းတွေကို နောက်သို့ ဆုတ်သွားလေသည်။

“ကျွန်တော် ဘာအပြစ်လုပ်မိလို့လဲ စော်ဘွားငယ်…”

“ငါ့ဂုဏ်သိက္ခာ၊ ငါ့မျိုးနွယ်၊ ငါ့ဘဝ၊ ငါ့နှလုံးသားကိစ္စတွေမှာ မင်း ဘာလို့ ဝင်ဝင်ပြီး နှောင့်ယှက်နေရတာလဲ…”

“ဟင်… စော်ဘွားငယ်ပြောချင်တဲ့အဓိပ္ပာယ်က…”

ဘာမှမသိသလိုပုံစံဖြင့် ဟန်ဆောင်နေသည့်ခွန်မှိုင်းကိုကြည့်ကာ ဒေါသကပိုထွက်သွားမိတော့၏။

“မင်း ခမည်းတော်ကို ဘာတွေလျှောက်ပြောထားတာလဲ…”

ပြန်မဖြေဘဲ ငြိမ်သက်နေသည့် ခွန်မှိုင်းကို သူ ဘာမှဆက်မပြောဘဲ ကြည့်ပဲကြည့်နေလိုက်သည်။ သူ့အပြစ်သူဝန်ခံပြီး တောင်းပန်လာတော့မှ သူ ခွင့်လွှတ်မယ်။

“ကျွန်တော် လုပ်သင့်တာကို လုပ်ခဲ့တာပါ စော်ဘွားငယ်… အဲ့ဒီအတွက် အပြစ်ရှိတယ်လို့ စော်ဘွားငယ်က သတ်မှတ်မယ်ဆိုရင် အဲ့ဒီအပြစ်အတွက် ကျွန်တော် ကျေကျေနပ်နပ်နဲ့ ခံယူဝံ့ပါတယ်…”

ရှေးထုံးပယ်၍ချစ်ပါ့မည် (Completed)Where stories live. Discover now