1- လှပလွန်းတဲ့ မုတ်ဖုတ်သမားလေး

11.4K 984 33
                                    

လုယန့်ကျိုးဟာတော့ သူ့ဦးနှောက်ပျက်နေလို့သာ ဒီကျောင်းဘွဲ့ရနှစ်ပတ်လည် အထိမ်းအမှတ်ပွဲကို တက်ဖို့လက်ခံခဲ့တာလို့ သူခံစားမိနေသည်။

သူနဲ့ပတ်သတ်ပြီး ဘာတွေကို တအားဂုဏ်ယူနေတာလဲ... သူ့ရဲ့ချမ်းသာတဲ့မိသားစုလား။ ကိုယ်ပိုင်ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ သူ့အစ်ကိုကြောင့်လား။

ပြောရမည်ဆို လုယန့်ကျိုးဟာလည်း အနုပညာဆိုင်ရာ ကုမ္ပဏီတစ်ခု၏ ဥက္ကဌပင်ဖြစ်သည်။

အခုအချိန်မှာတော့ သူဟာ သူ့အတွင်းရေးမှူး ပြင်ဆင်ပေးထားတဲ့အတိုင်း မိန့်ခွန်းများကိုပြောနေလိုက်သည်။
မိန့်ခွန်းပြောနေတုန်းမှာပဲ ကျောင်းသားလေးအချို့က သူတို့ဖုန်းတွေကို ကာရင်းခိုးကြောင်ခိုးဝှက်နဲ့ ဓာတ်ပုံရိုက်နေကြသည်။
လုယန့်ကျိုးကတော့ နှုတ်ခမ်းထောင့်လေးအား အပေါ်သို့အနည်းငယ်မြောက်စေရင်း နှစ်လိုဖွယ်  အပြုံးလေးပြုံးပြလိုက်သည်။

ကျောင်းနှစ်ပတ်လည်ပွဲတော် ပြီးခါနီးဆဲဆဲမှာတော့ လုယန့်ကျိုးဟာ ကုမ္ပဏီကိုပြန်ဖို့ထွက်လာခဲ့တော့သည်။
ထိုအချိန်မှာပင် အစ်ကိုဖြစ်သူ လုယန့်ရှင်းဟာ ဖုန်းဆက်လာခဲ့သည်။

" ဒီနေ့လယ်အားလား... ငါ့အစား လုလုကို သွားကြိုပေးပါဦး"

"ကျွန်တော် ဒီနေ့လယ်ကျရင် အစည်းအဝေးရှိ- "
လုယန့်ကျိုးစကားပင်မဆုံးသေး အစ်ကိုဖြစ်သူဟာ ဖုန်းချလို့သွားလေသည်။

လုလုဆိုတာ သူ့အစ်ကိုရဲ့ သမီးလေးဖြစ်ပြီးတော့ အခုထိ မူလတန်းတောင်မပြီးသေးသူ။
ဒီကလေးမလေးက အတော်ကို ပြဿနာရှာရတာကြိုက်သူပင်။ ကလေးထိန်းရတာတအားကို မကြိုက်တဲ့သူ့အတွက်ကတော့ ဒီကလေးမအကြောင်းတွေးရုံနဲ့ သူ့ဦးခေါင်းတစ်ခုလုံး ပေါက်ထွက်မလို ခံစားရသည်။
မျက်ခုံးနှင့်မျက်လုံးကြားကို ပွတ်နေရင်း ဒါရိုက်ဘာကိုလှမ်းပြောလိုက်သည်။
" လမ်းမှာ ကိတ်မုန့်ဆိုင်တွေ့ရင် ခဏရပ်ပေးပါ "

ဒါရိုက်ဘာက ကျောင်း၏ တစ်ဖက်ခြမ်းတွင်ရှိသော ကိတ်မုန့်ဆိုင်လေးအား ညွှန်ပြလိုက်ရင်း
" အဲ့ဒီမှာပါ ဥက္ကဋ္ဌလု "

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now