35- မင်းအကြည့်ကြောင့် ကိုယ်ကြွလာတာ

3.9K 647 22
                                    


ထိုညမှာတော့ Sugar Daddyတွေကြားမှာ စံပြဖြစ်လောက်စရာ လုယန့်ကျိုးက မီးဖိုချောင်ထဲမှာတင်မက အိပ်ယာပေါ်အထိဖန်းချောင်းအား ဝန်ဆောင်မှုကောင်းကောင်းပေးခဲ့ပါသည်။

အပေါ်ရော အောက်ပါဝန်ဆောင်မှုအပြည့်ရပြီးကျေနပ်ခဲ့ရတဲ့ ဖန်းချောင်က အိပ်မက်ဆိုးတစ်ခုမက်ခဲ့လေသည်။
အိပ်မက်ထဲမှာ သူက ဝါးပင်လေးဖြစ်သွားပြီး ပန်ဒါအကြီးကြီးရဲ့ ချေမွဖျက်စီးခြင်းကိုခံလိုက်ရပြီး အဆုံးမှာတော့ ပန်ဒါအကြီးကြီးက သူ့ရဲ့လက်ထဲမှာ ဖန်းချောင်ကို မလွှတ်တမ်းပွေ့ဖက်ထားလေရာ အသက်ရှူမဝတော့တာအခါမှ လန့်နိုးလာခဲ့သည်။

ဖန်းချောင်သူ့မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်နာကျင်နေမှုကြောင့် လှုပ်လို့ပင်မရ။
မျက်လုံးသေချာဖွင့်လို့ ကြည့်လိုက်တဲ့အခါမှ အိပ်ပျော်နေဆဲ လုယန့်ကျိုးထံမှတင်းတင်းကြပ်ကြပ်ဖက်တွယ်ခံထားရတာကို သိလိုက်ရသည်။
အချစ်တော်လေးတွေက ဒီလိုအိပ်ကြတယ်ဆိုတာကိုကြားဖူးခဲ့ပေမယ့် အခုဒီလိုအတွေ့အကြုံမျိုးသူရလာတဲ့အခါမှာ သိလိုက်ရတာ လုံးဝကိုသက်သောင့်သက်သာဖြစ်မနေပေ။

မနက်မိုးလင်းလာချိန်မှာတော့ ဖန်းချောင်လည်း လုံးဝအိပ်ယာနိုးသွားလေပြီး လုယန့်ကျိုးကတော့ မျက်လုံးနှစ်ဖက်ကိုတင်းတင်းပိတ်လို့အိပ်ပျော်နေဆဲဖြစ်သည်။ ဖန်းချောင်က သူအိပ်နေတာကို မနှိုးချင်တာကြောင့် ဒီလို​ပွေ့ဖက်ပုံက​သက်တောင့်သက်သာမဖြစ်တဲ့ ပုံစံနဲ့ပဲ ဆက်နေနေလိုက်ရသည်။

သူတို့နှစ်ယောက်လုံးရဲ့မျက်နှာတွေက တအားကိုမှနီးကပ်နေပြီး သူတို့အသက်ရှုငွေ့တွေပင် ရောထွေးလို့နေသည်။
ဖန်းချောင်က လုယန့်ကျိုးရဲ့မျက်ခုံးမျက်လုံးတွေကို အချိန်အတော်ကြာအထိတိတ်တိတ်လေးကြည့်နေမိသည်။
လုယန့်ကျိုးကို ကြည့်နေရုံနဲ့တင် လုယန့်ကျိုးအပေါ်ရှိတဲ့ သူ့ရဲ့ခံစားချက်တွေက ချက်ချင်းမြင့်တက်လာပြီး နှလုံးသားကလည်း အထိန်းအကွပ်မဲ့ပြင်းထန်စွာ ခုန်ပေါက်လာလေသည်။
ဘာမဟုတ်တာလေးနဲ့ တအားကိုမှရင်ခုန်နေတဲ့ သူ့ကိုယ်သူလည်းကျိန်ဆဲမိသည်။
ဒီနှစ်တွေထဲမှာ အရှက်မဲ့ခဲ့ပြီးမှ အခုကျမှဘယ်လိုလုပ်တအား စင်ကြယ်နဲ့ပုံလေးဖြစ်နေရတာလဲ။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now