37- လည်ပင်းပေါ်ကအနီမှတ်

4.2K 695 43
                                    


လုယန့်ကျိုးရဲ့စကားတွေကြောင့်နဲ့ ဖန်းချောင်သူ့စိတ်ကူးကမ္ဘာထဲကနေ လက်တွေ့ကိုပြန်ရောက်ခဲ့ရသည်။

အချစ်ရေးအချစ်ရာမှာ လုံးဝအန္တရာယ်ရှိတဲ့အမှတ်ရောက်နေတဲ့ လုယန့်ကျိုးအပေါ် ချစ်မေတ္တာထားမိတာ ဝန်ခံပါသည်။
ဒါပေမယ့် လုယန့်ကျိုးအတွက်တော့သူကဘာများလဲ။ သူက လုယန့်ကျိုးအပေါ်ဒီလိုစိတ်ခံစားချက်တွေရှိနေတာကိုသာတစ်ဖက်ကသိသွားရင် ထိုလူက သနားညှာတာမှုမရှိဘဲ သူ့ကိုအဆက်အသွယ်ဖြတ်ပစ်လေမလား။

လုယန့်ကျိုးနဲ့အခုတလော ရင်းရင်းနှီးနှီးရှိနေတာကြောင့် သူတို့နှစ်ယောက်တကယ်ပဲတွဲနေသလိုမျိုး ပုံရိပ်ယောင်တွေထဲပိတ်မိနေခဲ့ပုံပေါ်သည်။
အမှန်တရားမှာတော့သူဟာ လုယန့်ကျိုးရဲ့အချစ်တော်များထဲမှတစ်ယောက်သာ။
သူတို့သာအတူရှိမနေရင် ထိုလူကအခြားသူတွေနဲ့ အီနေမှာပဲ။
ထိုအကြောင်းများကိုတွေးမိတာနဲ့ ဖန်းချောင်သဝန်တိုမှုတွေနဲ့လောင်မြိုက်နေမိသည်။

လုယန့်ကျိုးကတော့ ဖန်းချောင်ရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုသတိမထားမိဘဲ ညစာစားပြီးတဲ့အခါမှာတော့ ဖန်းချောင်ကိုကိုယ်တိုင်အိမ်တိုင်ရာရောက်လိုက်ပို့၏။
ဖန်းချောင်က အိမ်ထဲဝင်ဖို့ခေါ်မည့်ဆဲဆဲမှာတော့ လုယန့်ကျိုးဆီသို့ ဖုန်းဝင်လာ၏။

ဘယ်သူနဲ့ပြောနေလဲမသိပေမယ့် လုယန့်ကျိုးက ပြုံးရင်း "စိတ်မပူနဲ့ လာခဲ့မယ်"ဟုပြောနေသည်။

ဖန်းချောင်နှလုံးသားက အောက်ခြေထိမြှုပ်သွားသလိုခံစားလိုက်ရပြီး လုယန့်ကျိုးဖုန်းမချခင်မှာပင် သူကားပေါ်ကဆင်းသွားလိုက်သည်။

လုယန့်ကျိုးက ဖန်းချောင်ကို "Good Night"လို့နှုတ်ဆက်ချင်ပေမယ့် ထန်းဟောက်က ဖုန်းတစ်ဖက်ကနေမရပ်မနားပြောနေသေးသည်။

"မြန်မြန်လာပါတော့!  "Happy Weekends"အစီစဥ်ရဲ့ဒါရိုက်တာတွေအကုန်လုံးရောက်နေပြီ...အဲ့ဒီတစ်ယောက်ကိုနေရာပါခိုင်းမလို့မဟုတ်ဘူးလား"

"ကောင်းပြီ ကောင်းပြီ အခုလာနေပြီ"

"Happy Weekends"အစီအစဥ်က ဖန်းချောင်ပါမည့်အစီအစဥ်ဖြစ်သည်။လုယန့်ကျိုးရောက်သွားတဲ့အချိန်မှာ ထိုလူတွေက အတော်ပင်မူးနေကြလေရာ လုယန့်ကျိုးဝင်လာတာကိုမြင်မြင်ချင်း သူ့ကိုဆေးထိုးကြလေသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now