ဖန်းချောင်ရဲ့ ချစ်စရာကောင်းတယ်ဟူသောစကားကိုကြားပြီးနောက်မှာတော့ လုယန့်ကျိုးစိတ်အခြေအနေက ပြန်ကောင်းလာလေရာ ဖန်းချောင်ကို ညစာပါဝယ်ကျွေးတဲ့အပြင် အိမ်တိုင်ရာရောက်ပါလိုက်ပို့တာကြောင့် ဤကဲ့သို့ အပြုအမူကို ဖန်းချောင်ရင်ထဲထိသွားလေသည်။လုယန့်ကျိုးက လှေကားရင်းမှာရပ်နေရင်း သူ့အရှေ့က တိုက်ကိုကြည့်လိုက်သည်။ တိုက်ဟာကောင်းကောင်းထိန်းသိမ်းထားပုံပေါ်ပေမယ့် အတော်လေးတော့အိုဟောင်းနေလေပြီ။
ကုမ္ပဏီက ကြယ်ပွင့်ငယ်လေးတွေအတွက် နေစရာစီစဥ်ပေးတာသိပေမယ့် တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျသွားမကြည့်ဖူးပေ။
ပထမဆုံးအကြိမ် ကွင်းဆင်းလေ့လာခြင်းဖြစ်တာမလို့ သိချင်စိတ်ပြင်းပြနေတဲ့လုယန့်ကျိုးက သူ့လက်အောက်မှဝန်ထမ်းအား စောင့်ရှောက်ပေးရမည်ဟူသောခေါင်းစဥ်နှင့် တစ်ဖက်ကမဖိတ်ပါဘဲ တိုက်အတွင်းသို့ ခြေလှမ်းလိုက်လေပြီ။ဖန်းချောင်မှာကတော့ လုယန့်ကျိုးရဲ့ဧည့်သည်ကဲ့သို့ သူ့အနောက်မှကုပ်ကုပ်လေးလိုက်နေရတော့သည်။
"ဘယ်အထပ်လဲ "
"ဆယ်ထပ်"
ဓာတ်လှေကားရောက်ရောက်ချင်း မေးလိုက်တဲ့လုယန့်ကျိုးအမေးကိုဖြေလိုက်ရင်း ခလုတ်ကိုနှိပ်နေတဲ့တစ်ဖက်လူရဲ့ရှည်သွယ်သွယ်လက်ချောင်းတွေကိုကြည့်ကာ..."ဥက္ကဋ္ဌလုကကျွန်တော်အိမ်မှာ ခဏနားဖို့များလား"
လုယန့်ကျိုးက သိပ်ဂရုမစိုက်သလိုအပြုံးဖြင့်...
"ဒါပေါ့...နားဖို့လိုတယ်လေ"ဖန်းချောင်တိုက်ခန်းက ကျဥ်းပေမယ့် အိပ်ခန်းနှစ်ခုပါပြီး သပ်သပ်ရပ်ရပ်ရှိလှသည်။
လုယန့်ကျိုးက သူ့အိတ်ကပ်ထဲလက်ထည့်ထားရင်း မီးဖိုချောင်တို့ ရေချိုးခန်းတို့ကိုတစ်ခုပြီးတစ်ခုသေချာလိုက်ကြည့်နေပုံမှာ သူ့အလုပ်မှလက်အောက်ငယ်သား၏အလုပ်အား စစ်ဆေးနေသလိုပင်။
အိပ်ခန်းအရှေ့ကိုရောက်တဲ့အခါမှာတော့ လုယန့်ကျိုးက သူ့အခန်းလားဟုမေးလေသည်။"ဟုတ်တယ်...အာ..."
အလုပ်ရှင်က စစ်ဆေးနေတာကိုအနောက်မှလိုက်အဖော်ပြုပေးနေရတဲ့ဖန်းချောင်ကတစ်ခုခုကိုသတိရသွားပြီး တံခါးဆီကိုပြေးသွားကာ ပိတ်ချလိုက်လေတော့သည်။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.