39- မင်းကိုယ့်ကိုချစ်နေမိတာလား

4.5K 754 44
                                    


ဖန်းချောင်ကပြေးထွက်သွားခဲ့တာကြောင့် လုယန့်ကျိုးကနားမလည်နိုင်စွာနဲ့ ချက်ချင်းဖုန်းဆက်ကာ ဘာ​ကြောင့်စာချုပ်ထပ်မချုပ်ချင်လဲဟုမေး၏။

"ကျွန်တော်က ကြယ်ပွင့်ဖြစ်ဖို့အရည်အချင်းရှိမယ်မထင်ပါဘူး...တက္ကသိုလ်ကဘွဲ့မရဘဲနဲ့ ဒီရပ်ဝန်းထဲကို ဝင်ခဲ့ရတာ ပြီးတော့ ဒီအလုပ်လုပ်ရတာတကယ်သဘောကျလားမကျဘူးလားဆိုတာ ကျွန်တော်ကိုယ်တိုင်တောင်မသိဘူး"

လုယန့်ကျိုးစိတ်သက်သာရသွားသလိုခံစားလိုက်ရပြီး....
"အဆင်ပြေတယ်...အချိန်ယူစဥ်းစားလေ မင်းပြန်လာချင်တဲ့အချိန် ကိုယ့်ကိုပြော ဟုတ်ပြီလား"

ဖန်းချောင်တခဏအသံမပြုဘဲရပ်သွားပြီးမှပြောလာ၏။
"ဥက္ကဋ္ဌလု...ဒီထက်ပိုပြီးကျွန်တော့်ကိုလာမတွေ့ပါနဲ့တော့"

လုယန့်ကျိုးနှလုံးခုန်သံတွေပြင်းထန်သွားပြီး မေးလိုက်သောအသံဟာလည်းခပ်တိုးတိုးဖြစ်သွား၏။
"မင်းဘာကိုဆိုလိုတာလဲ "

"ကျွန်တော်တို့ကြားကဆက်ဆံရေးကိုလည်း ဒီမှာတင်အဆုံးသတ်လိုက်ရအောင် "

"ဘာလို့...."

တစ်ဖက်ကဖုန်းချသွား၍ တီခနဲမြည်သောအသံသာ ကျန်ရစ်ခဲ့တော့သည်။
လုယန့်ကျိုး အနက်ရောင်ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း သူ့စိတ်တွေဟာလည်း မည်းနက်သွားသည်။.

ဘာဖြစ်တာလဲ!! ဒီကောင်လေးစိတ်အခြေအနေက အကြောင်းပြချက်မရှိဘဲ ဘာ​​ကြောင့်ဒီလိုဖြစ်သွားရတာပြီး ဘာကြောင့်သူတို့ဆက်ဆံရေးကိုအဆုံးသတ်လိုက်ရတာလဲ။
ဒေါသတွေနဲ့​လောင်​မြိုက်လွန်းလို့ သူ့စိတ်ကိုသူမလျော့နိုင်သလို ဒီပြဿနာနောက်ကအကြောင်းပြချက်ကိုလည်းမရှာနိုင်။
ဖြစ်သွားသမျှက ရုတ်တရက်ဖြစ်ပြီး မမျှော်လင့်ထားတာတွေချည်းပင်။

ထိုအချိန်မှာပဲ ထန်းဟောက်ဆီမှဖုန်းဝင်လာခဲ့သည်။

"ကောင်လေးဘယ်မှာလဲ...အခုချိန်ဆိုသူကစတူဒီယိုထဲမှာရှိနေသင့်တာလေ"

လုယန့်ကျိုးအသံတွေဟာအေးစက်လို့နေသည်။
"ထွက်ပြေးသွားပြီ"

"ဘာကြီး! ဒါဆိုရုပ်ရှင်အတွက်အဓိကသီချင်းကဘယ်လိုလုပ်မှာလဲ...ဖန်းချောင်ကိုပဲဆိုခိုင်းစေချင်သေးလား"

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now