20- ကိုယ်ကမကြမ်းဘူးလို့ဘယ်သူပြောလဲ

4.4K 672 19
                                    


ဖန်းချောင်ဓာတ်လှေကားက ထွက်ထွက်ချင်း လုယန့်ကျိုးကိုမြင်လိုက်ရချိန်မှာ ပထမဆုံးတွေးမိတာက မဂ္ဂဇင်းတွေကို ကုတင်အောက်ပို့ခဲ့လို့တော်သေးတာပဲဟုပင်။
ပြီးတော့ လုယန့်ကျိုးရောက်လာမယ်လို့လည်းမထင်ထားဘူးလေ။

လုယန့်ကျိုးက နံရံမှာမှီထိုင်ပြီးဖုန်းကြည့်ရင်း ဖန်းချောင်ကိုပျင်းရိစွာစောင့်နေတာမလို့ ညအမှောင်ထဲမှာ ဖုန်းမီးကသာ သူ့မျက်နှာပေါ်အလင်းပြန်နေပြီး သူ့ပုံစံက စိတ်မကျေနပ်နေဟန်။
ဖန်းချောင်သူရှိရာကိုလျှောက်သွားလိုက်ရင်း လုယန့်ကျိုးရင်ဘတ်ကိုလက်ညှိုးနဲ့တို့လိုက်ပြီး....

"ဥက္ကဋ္ဌလု မူးနေတာလား"

လုယန့်ကျိုးက အများကြီးသောက်မထားသလို လေညှင်းခံပြီးချိန်မှာ ပိုပြီးတောင်စိတ်ကြည်နေပေမယ့် ဖန်းချောင်ကိုမြင်လိုက်တာနဲ့ သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ သူ့ဘက်သူရပ်လို့ပြောလိုက်သည်။

"သေချာတာပေါ့...မင်းအတွက်ဒါရိုက်တာရှုနဲ့သောက်ပေးခဲ့ရတာလေ"

ဖန်းချောင်က'မသိရင်ဘဲ ကျွန်တော်ကပဲ တအားလိုချင်လို့ပြောခဲ့ပုံ'နဲ့လို့တွေးလိုက်ပြီး နှုတ်ခမ်းကိုတွန့်လိုက်ကာ လုယန့်ကျိုးကိုကူတွဲလိုက်သည်။

လုယန့်ကျိုးမတ်တပ်ရင်လိုက်ရင်း ဖန်းချောင်အနားကိုတိုးကပ်ကာ အရှက်မရှိပြောသေးသည်။

"မင်းအတွက်နဲ့ ယဲ့ရန်ကိုလည်းအနှောက်အယှက်ပေးခဲ့သေးတယ်... ဒါကြောင့်  မင်းဒီညအကြွေးဆပ်ရမယ် "

ထိုစကားကြောင့် ဖန်းချောင်ရင်ထဲနူးညံ့သွားပြီး သူပြောတာအဓိပ္ပါယ်ရှိမရှိတောင် ဂရုမစိုက်မိတော့ပေ။

"ပုံမှန်ဆိုဟိုတယ်ပဲသွားနေကျမလား"

လုယန့်ကျိုးက သူ့ရဲ့အလိမ်အညာစွမ်းရည်တွေကိုကောင်းကောင်းကြီးအသုံးချနေဆဲ။

"ကိုယ်ပိုက်ဆံကိုချွေတာသုံးရတော့မယ်...မင်းလည်းသိတာပဲ ကိုယ်ကကိုယ့်မိသားစုနဲ့အဆင်မပြေဘူးဆိုတာ... တစ်နေ့နေ့မောင်းထုတ်ခံရရင်ဘယ်လိုလုပ်မလဲ"

"...."

တံခါးကိုဖွင့်လိုက်ရင်း ဖန်းချောင်တိုးတိုးလေးရေရွတ်မိသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now