ဖန်းချောင် သေလောက်အောင်ပေါက်ကွဲနေပြီ။
သူ့မှာတော့ လုယန့်ကျိုးစားဖို့အတွက် မုန့်ကိုလုပ်လာပေးရချိန်မှာ သူကတော့ ကြယ်ပွင့်ပေါက်စလေးနဲ့ ပျော်မြူးနေသည်။ သူ့ဘက်ကိုနည်းနည်းလေးတောင်မတွေးဘူး။လုယန့်ရှင်းကသူ့လို အယောင်ဆောင်ရည်းစားအတွက်စပိုင်အနေနဲ့လက်ထောက်ကိုလာထားထားတာက တုံးလွန်းမနေဘူးလား။
သူ့ရဲ့အကျင့်မကောင်းတဲ့ညီကိုကြည့်ပါဦး.... အကြာကြီးကြည့်စရာမလိုဘဲကို သူတို့ဆက်ဆံရေးက ဘူးပေါ်သလိုတန်းပေါ်နေတာလေ။လုယန့်ကျိုးအခုကိစ္စကတမင်ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပေ။ သူက ကုမ္ပဏီကိုသွားပြီး ဖန်းချောင်မုန့်လာပို့တာကိုစောင့်မလို့ပေမယ့် ကုမ္ပဏီသွားရမယ့်လမ်းမှာ ဇယားလေးတစ်ယောက်ကမထင်မှတ်ပဲပေါ်လာခဲ့တာလေ။
ထိုကောင်လေးက ကြယ်ပွင့်မဟုတ်ဘဲ အင်တာနက်ပေါ်က ဆယ်လီလေးသာဖြစ်ပြီး သူတို့ကဘားမှာတစ်ကြိမ်သာတွေ့ခဲ့ပေမယ့် ထိုကောင်လေးကအဆင်ပြေပုံပေါ်သည်။
ထိုကောင်လေးက လုယန့်ကျိုးကားပေါ်တက်လာပြီး စကားဟိုဟိုဒီဒီပြောရင်း လုယန့်ကျိုးခန္ဓာကိုယ်ကိုပွတ်သပ်နေပုံမှာ သေချာပေါက်ဆွဲဆောင်နေခြင်းပင်။
လုယန့်ကျိုးကလည်းဤဆွဲဆောင်မှုကို ခုခံဖို့အစီအစဥ်မရှိပေ။ ဒီလို လှပကျော့ရှင်းတဲ့ဆယ်လီလေးလိုပုံစံကို သူငြင်းစရာမရှိတာကြောင့် ရုံးခန်းသို့ခေါ်လာခဲ့သည်။ထိုကောင်လေးပုံစံက အတွေ့အကြုံမရှိပုံသော်လည်း ရုံးခန်းထဲရောက်ရောက်ချင်းပင် လုယန့်ကျိုးနက်ခ်တိုင်ကိုဆွဲရင်း ဆိုဖာပေါ်သို့တွန်းချပုံမှာ လက်ရဲဇက်ရဲပင်။
ထို့နောက်လုယန့်ကျိုးကိုယ်ပေါ်ခွထိုင်ရင်း လုယန့်ကျိုးဘောင်းဘီအား အမြန်ဆွဲချွတ်သည်။
လုယန့်ကျိုးလည်းစိတ်ပါလာချိန်မှာ ဆယ်လီလေးကတော့ ရပ်တန့်သွားခဲ့သည်။ကြောင်အသွားတာကြောင့် ကောင်လေး၏အကြည့်လားရာအတိုင်းအောက်ဘက်ကိုလိုက်ကြည့်လိုက်ချိန်မှာ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဖန်းချောင်လက်ဆောင်ပေးထားသော ပန်းရောင်Long Johnsကိုမြင်လိုက်ရသည်။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.