3- လူချမ်းသာတွေနဲ့စကားပြောရတာလည်း ခက်ခဲလိုက်တာနော်

5.9K 860 29
                                    


​ပြောရမယ်ဆိုရင် လင်းယောင်နဲ့ ဖန်းချောင်ကြားက ခင်မင်ရင်းနှီးမှုက လုယန့်ကျိုးထင်ထားတာထက်တောင် အများကြီးပိုပါသည်။
နောက်တစ်နေ့မနက် ဖန်းချောင် ဟိုတယ်မှာနိုးလာချိန် ပထမဆုံးလုပ်တဲ့အလုပ်ကတော့ လင်း​ယောင်ကို ဖုန်းဆက်ခြင်းပင်။

"အားယောင် မင်း လုယန့်ကျိုးကိုသိလား"

လင်းယောင်က လေးပင်ပင်ဂရုမထားသောအသံနဲ့ဖြေလိုက်သည်။
"မင်းရဲ့ Sugar Daddyမဟုတ်ဘူးလား"

ဖန်းချောင်အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားရပြီး...
"ဆိုပါတော့...သူကမင်းနဲ့တွေ့ချင်လို့တဲ့ "

ဒီဟာကိုပြောလိုက်တဲ့အချိန်အတွင်းမှာ သူကအငြင်းခံရမယ်လို့တွေးထားပြီးသား။
ဒါ့ကြောင့်မလို့ ဥက္ကဋ္ဌလုဆီကို ပေးဖို့အကြောင်းပြချက်တွေကိုတောင် ကြိုတွေးနေမိသည်။

တစ်ဖက်ဖုန်းဆီမှ နှစ်စက္ကန့်လောက်ငြိမ်ကျသွားပြီးတဲ့နောက်မှာတော့ လင်းယောင်က အကြောင်းပြန်လာသည်။
"အိုကေလေ..."

ဖန်းချောင်မှာအံ့ဩလွန်းလို့လက်ထဲကဖုန်းတောင်လွတ်ကျတော့မတတ်။
လင်းယောင်က ဘာလို့လွယ်လွယ်နဲ့သဘောတူလိုက်တာလဲဆိုတာကို ဖန်းချောင်လုံးဝတွေးမရနိုင်ဖြစ်နေသည်။
အမှန်အတိုင်းပြောရရင် သူ​က လင်းယောင်ငြင်းလိုက်ဖို့ကိုတောင်မျှော်လင့်နေမိတာလေ။

.

ချိန်းဆိုမှုက ဒီနေ့နေ့လယ်မှာပဲဖြစ်ပြီး ပြောရဆိုရပိုပြီးရင်းနှီးအဆင်ပြေဖို့ရာ လုယန့်ကျိုးက ဖန်းချောင်ကိုပါခေါ်လာခဲ့သည်။

ဖန်းချောင်း လုယန့်ကျိုးကားရဲ့ ကားမောင်သူဘေးကခုံမှာထိုင်နေပြီး အနည်းငယ်စိုးရိမ်နေမိသည်။

'လင်းယောင်က ငါကဒီလိုလူမျိုးလို့သိသွားခဲ့ရင် ငါ့ကိုဘယ်လိုထင်မလဲ...'ဆိုတဲ့အတွေးတွေသာစိတ်ထဲမှာရှိနေလေသည်။
ဖန်းချောင်ရဲ့ ဟိုဟိုဒီဒီလှုပ်ရွနေတဲ့အပြုအမူတွေကို အာရုံစိုက်မိသွားပြီး လုယန့်ကျိုး မေးလိုက်သည်။
" မနေ့ညက အရမ်းနာသွားလား "

ဖန်းချောင်ချက်ချင်းပဲ ခန္ဓာကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး ရှက်ရွံစွာနှင့် "ဥက္ကဋ္ဌလုက ဒီလောက်စကေးလ်ကောင်းတာ ကျွန်တော့်ကိုနာအောင်မလုပ်ပါဘူး... "

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ