လုယန့်ကျိုးကရေချိုးလိုက်ပြီးအတွင်းခံအသစ်ကိုလဲပြီးတဲ့နောက် အိပ်ယာပေါ်ပြန်သွားလိုက်ပေမယ့် ပိုပြီးဟာတာတာဖြစ်သလိုသာခံစားနေရသည်။ကိုယ့်ဘာသာတစ်ကိုယ်ရည်ဖြေပြီးစိတ်ကျေနပ်မှုရပေမယ့်လည်းတစ်ခုခုကတော့ခြားနားနေဆဲပင်။ သူတို့လူးလှိမ့်ပြီးချိန်တိုင်းမှာ သူကဖန်းချောင်ကိုသူ့လက်မောင်းတွေထဲပွေ့ဖက်ထားလေ့ရှိခဲ့ပြီး ဖန်းချောင်ရဲ့နူးနူးညံ့ညံ့ခန္ဓာကိုယ်လေးက သူ့ရင်ဘတ်ကိုတတိတိပွတ်သတ်တဲ့အခါ လုယန့်ကျိုးကိုတအားသက်သောင့်သက်သာဖြစ်စေသည်။
တစ်ကိုယ်ရည်ဖြေလျှော့ပြီးပြီးချင်းမှာဘာလို့ ဖန်းချောင်ကိုသတိရနေမိတာလဲ။
လုယန့်ကျိုးအိပ်ယာပေါ်မှာလူးလှိမ့်နေရင်း စိတ်ထဲမှာပေါ်လာတဲ့အတွေးဟာတော့..... "သူ ဖန်းချောင်မရှိဘဲမနေနိုင်ဘူး..."
လုယန့်ကျိုးကအိပ်ချင်စိတ်မရှိတာကြောင့် အရက်သောက်မယ်လို့တွေးရင်း ထန်းဟောက်ကိုဖုန်းခေါ်လိုက်ပေမယ့် တစ်ဖက်မှလူက သူဟာအချစ်တိုက်ပွဲရဲ့အလယ်မှာရောက်နေတာကြောင့်ဆိုသောအကြောင်းပြချက်နဲ့ လုယန့်ကျိုးအပေါ်ဂရုဏာတရားနည်းနည်းလေးပင်မထားဘဲငြင်းလိုက်၏။အလှောင်ခံလိုက်ရသလိုဖြစ်သွားတဲ့လုယန့်ကျိုးတစ်ယောက်မခံမရပ်နိုင်ဖြစ်သွားပြီး နောက်တစ်ကြိမ်လက်လေ့ကျင့်ခန်းဆင်းရပေတော့သည်။
နောက်တစ်နေ့မှာတော့ လုယန့်ကျိုးမျက်ကွင်းညိုနှစ်ဖက်နှင့်ကုမ္ပဏီသို့သွားခဲ့ရပြီး ဓာတ်လှေကားထဲကိုဝင်ဝင်ချင်းမှာညီအစ်ကိုထက်အချစ်ကိုဦးစားပေးသူ ထန်းဟောက်ကိုမြင်လိုက်ရလေသည်။
"ဘာဖြစ်တာလဲ ဖန်းချောင်ဆီကနေ ထပ်အငြင်းခံရပြန်ပြီလား"
ဒီကောင့်က ဘာလို့ချက်ကောင်းထိမယ့်စကားတွေပဲရွေးပြောနေတာလဲ!!!
လုယန့်ကျိုးတစ်ချက်သာစိုက်ကြည့်လိုက်၏။
အခုတလော လုယန့်ကျိုးဖြစ်ပျက်နေပုံကို မျက်မြင်တွေ့နေရတာကြောင့် ထန်းဟောက်လည်းအတော်ကို အံ့ဩနေပေသည်။
" ဘာတွေလုပ်နေတာလဲ သူ့ကိုလက်မလွှတ်နိုင်ရင် ဒီအတိုင်းသတ္တိရှိရှိနဲ့သူ့ကိုလိုက်ပိုးပန်းလိုက်စမ်းပါ ဒီလိုသာအချိန်ဆွဲနေမယ်ဆိုရင် ဖန်းချောင်ကအခြားသူနောက်ပါသွားမယ်ဆိုရင် အဲ့ဒီအခါကျတအားနောက်ကျသွားမယ်နော်"
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.