19- ပိုကောင်းတဲ့ရွေးချယ်မှုလား

4.1K 652 11
                                    


နည်းနည်းလေးတောင်တွန့်ဆုတ်ခြင်းမရှိဘဲ လုယန့်ကျိုးက ပြောလိုက်သည်။

"ဖန်းချောင်ကိုအဲ့ဒီနေရာပေးပြီး အစားထိုးလိုက်"

မန်နေဂျာမှာ စိတ်ရှုပ်ထွေးသွားရသည်။

"ဒါပေမယ့် စန်းယင်းကျယ်ကို ဒါရိုက်တာကိုယ်တိုင်ရွေးထားတာ..."

လုယန့်ကျိုးကစားပွဲကိုလက်ဖြင့်ရိုက်ချလိုက်ရင်းအေးစက်စွာပြောလိုက်သည်။
"ဒီရုပ်ရှင်ကိုရင်းနှီးမြုပ်နှံထားတဲ့ငါက ဆုံးဖြတ်ချက်တောင်ချခွင့်မရှိဘူးလား"

မန်နေဂျာဖြစ်သူကဘာမှဆက်မပြောရဲတော့ဘဲ သူဌေးနဲ့သူ့ချစ်သူလေးကြားကအချစ်စမ်းပွဲမှာ မြေစာပင်ဖြစ်သွားရတဲ့စန်းယင်းကျယ်အတွက် တိတ်တိတ်လေးသာ သက်ပြင်းချ​ပေးနိုင်တော့သည်။

စန်းယင်းကျယ်က အသက်နှစ်ဆယ်ကျော် လူသစ်လေးဖြစ်ပြီး သူ့ရဲ့အနုပညာသက်တမ်းဟာတစ်နှစ်သာရှိသေးပေမယ့် နာမည်ကြီးရုပ်ရှင်အချို့မှာ သရုပ်ဆောင်ခဲ့တာကြောင့် အခုသူ့ရဲ့တက်လမ်းကလုံးဝအညွှန့်တလူလူပင်။
သူက ယဲ့ရန်နဲ့ ရုပ်ရည်ရော အကျင့်စရိုက်ပါဆင်တူတာကြောင့် အင်တာနက်မီဒီယာအတော်များများက သူ့ကို ယဲ့ရန်အသေးစားလေးလို့တင်စားခေါ်ဝေါ်ကြသည်။
ဒီဟာကလည်း ယဲ့ရန်ရဲ့ငယ်ဘဝသရုပ်ဆောင်နေရာမှာ သူ့ကိုရွေးချယ်ရတဲ့အချက်ပင်။

ဘေးမှာငြိမ်ငြိမ်လေးထိုင်နေပြီး တစ်ချိန်လုံးဘာမှမပြောတဲ့ဖန်းချောင်က နောက်ဆုံးတော့တွန့်ဆုတ်စွာနဲ့ပြောရလေပြီ။

"ဥက္ကဋ္ဌလု...လူရွေးပြီးသားနေရာကို ဒီလိုယူလိုက်တာကမကောင်းဘူးထင်တယ်နော်...ဒီအတိုင်းအခြားအရံသရုပ်ဆောင်နေရာပဲရွေးလည်းကျွန်တော်ကအဆင်..."

"မပြေဘူး...ဒီဟာကိုပဲယူရမယ်"

ဖန်းချောင်- "..."

ဒီလိုမျိုးအခြားသူနေရာကိုလုယူရတာမျိုးကို ဖန်းချောင်ကသဘောမတူပေမယ့် သူ့ရဲ့သူဌေးက ဆုံးဖြတ်ပြီးပြီဆိုမှတော့ မလိုက်နာလို့မရတော့ပေ။
ဒါကြောင့် မန်နေဂျာနောက်ကိုလိုက်ပြီးဇာတ်ညွှန်းကိုယူကာ သေချာဖတ်ဖို့အိမ်ကိုယူသွားရလေပြီ။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now