44- အခုကိုယ့်ရဲ့ကြိုးစားမှုအတွက် ကြယ်ဘယ်နှစ်ပွင့်ပေးမလဲ

4.2K 643 12
                                    


လုယန့်ကျိုးက နေ့တိုင်းနေ့လယ်စာကိုဝယ်ပေးတဲ့အလုပ်ကိုတာဝန်ယူလိုက်​ပြီး နောက်ကျတဲ့နေ့တွေဆိုရင် ဖန်းချောင်အတွက် ကိုယ်တိုင်နေ့လယ်စာပင်ချက်လာပေးတတ်သည်။

တစ်နေ့ လုယန့်ကျိုးက နေ့လယ်စာပြင်ပြီးပြီးချင်းမှာအစည်းအဝေးတက်ရမှာဖြစ်တာကြောင့် သူ့ရဲ့ဒါရိုက်ဘာကို နေ့လယ်စာအစားပို့ခိုင်းလိုက်၏။ နေ့လယ်စာဘူးအဖုံးကိုဖွင့်လိုက်တဲ့အခါ ဘူးထဲမှ ပုစွန်ထုပ်တွေကိုသေချာတစ်ကောင်နဲ့တစ်ကောင်မျက်နှာချင်းဆိုင်စီထားရာအသည်းပုံလေးတွေပေါ်နေ၏။

ဖန်းချောင်မျက်ခွံတွေပါလှုပ်သွားသလိုခံစားလိုက်ရသည်။ ဒါကဘာကြီးလဲ!! ဘာလို့ပုစွန်တွေကိုအသည်းပုံစီထားတာလဲ!!
နေ့လယ်စာဘူးကိုတွေ့သွားတဲ့ ထက်ရှသောမျက်လုံးပိုင်ရှင်လက်ထောက်က မနာလိုအားကျစွာခံစားရပြီး ပုစွန်တွေကိုလက်လှမ်းလာတဲ့အခါ ရှုတည်တည်မျက်နှာနဲ့ဖန်ချောင်က နေ့လယ်စာဘူးကိုအဝေးကိုဆွဲယူသွားပုံမှာ အတော်လေးတွန့်တိုနေဟန်။

လက်ရှက်သွားရတဲ့လက်ထောက်ကတော့ လက်ကိုပြန်ရုတ်လိုက်ရင်း ဗလုံးဗထွေးပြောလာ၏။
"ချစ်သူကောင်လေးရှိတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလိုက်လဲနော်"

ချစ်သူကောင်လေးဆိုတဲ့စကားကြောင့်ဖန်းချောင်နားလေးပန်းရောင်သန်းသွားပြီး ပြန်လည်ချေပလိုက်ပုံမှာတော့အားပျော့လှသည်။
"မဟုတ်သေးပါဘူး... အဓိပ္ပါယ်မရှိတာတွေမပြောနဲ့"

လက်ထောက်ဖြစ်သူက လုယန့်ကျိုးနဲ့သူ့ကြားမှ အရင်က စိတ်အခြေအနေအရှုပ်အရှင်းတွေကိုမသိတာကြောင့် လုယန့်ကျိုးရဲ့စိတ်အားထက်သန်လှတဲ့ချစ်ခွင့်ပန်မှုကို မြင်နေရတာကြောင့် ဖန်းချောင်ရဲ့ပခုံးလေးကို ခပ်ဖွဖွပုတ်ပေးရင်း ယုံကြည်မှုလွန်ကဲစွာပြောလာ၏။
"အနှေးနဲ့ အမြန်ဖြစ်တော့မှာပဲမဟုတ်လား"

ဖန်းချောင် သူ့နှုတ်ခမ်းကိုကိုက်လိုက်ကာ ဘာစကားမှထပ်မပြောတော့ပေ။

သူက လုယန့်ကျိုးရဲ့ အခုလုပ်နေတဲ့ရည်ရွယ်ချက်ကိုမသိပေ။ ထင်မိတာကတော့ လုယန့်ကျိုးက သူ့ရဲ့Sugar Daddyနောက်တစ်ကြိမ်ထပ်ဖြစ်ချင်နေပုံပင်။ ဒါပေမယ့် သူကသေချာပေါက်ငြင်းမှာဖြစ်ပေမယ့် လုယန့်ကျိုးက ပေါ်ပေါ်ထင်ထင်ကိုပြောဆိုလာသည်က သူ့ကို တရားဝင်ပိုးပန်နေသည်ဟုပင်။
ထို့အပြင် အခုတလော ဒီလူ့ရဲ့အပြုအမူတွေကိုကြည့်ခြင်းအားဖြင့် တကယ်ကိုအလေးအနက်ထားနေပုံလည်းပေါ်ပေသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now