32- ဒီနေရာမှာနေမယ်...မင်းကိုယ့်ကိုကောင်းကောင်းမြင်ရအောင်

4.1K 697 21
                                    


အလုပ်စွဲလန်းသူတစ်ယောက်ဟာ အလုပ်ထဲမှာစိတ်နှစ်ထားလိုက်တာနဲ့ အချစ်အ‌ကြောင်းစဥ်းစားဖို့ အချိန်မရှိတော့ပါဟုဆိုကြသည်မှာ ဖန်းချောင်က ဥပမာပင်ဖြစ်သည်။

နာမည်ကြီးကိတ်မုန့်ဆိုင်၏ပိုင်ရှင်လေး‌ဖန်းချောင်ဟာ သူ့ရဲ့စိတ်နှလုံးသားတစ်ခုလုံးကို ကိတ်ဆိုင်လေးဆီမှာသာနှစ်မြှုပ်ထားလေသည်။

လဝက်လောက်ကြာတဲ့အခါမှာတော့ သူ့ဆိုင်မှာအလုပ်သမားအလုံအလောက်ရှိရုံသာမက နောက်ထပ်ဒုတိယဆိုင်ခွဲပင်ဖွင့်လှစ်နိုင်ခဲ့သည်။ဘယ်လောက်တောင် ကောင်းမွန်တဲ့ဘဝလေးလဲ။

နေ့လယ်ခင်းတစ်ခုမှာဆိုင်မှာအလုပ်လုပ်နေရင်း ဝယ်ယူသူလည်းအနည်းငယ်သာရှိတာ‌‌‌ကြောင့် ကောင်တာမှာထိုင်လိုက်ပြီးခဏအနားယူနေလိုက်သည်။

ဖန်းချောင်အခုတလောဒီလိုပုံစံသာဖြစ်နေလေသည်။ အလုပ်တွေရှုပ်နေချိန်မှာဘာမှမဖြစ်သော်လည်း လူရောစိတ်ရောအနားရသည်နှင့် လုယန့်ကျိုးအကြောင်းပဲမတွေးဘဲမနေနိုင်တော့ပေ။
ထိုနေ့ညကဖုန်းပြောချိန်မှာပြောခဲ့သောစကားတွေဟာ သူ့ရဲ့နားစည်အတွင်းမှအခုချိန်ထိပဲ့တင်သံထပ်နေသလိုခံစားရပြီး အခုတွေးရင်တောင် အခုနားရွက်တွေနီရဲလာသည်။
လုယန့်ကျိုးက အတည်ပြောတာလား၊ ဒီအတိုင်းပေါ့ပေါ့ပါးပါးပြောဆိုလိုက်တာလားမသိပေမယ့် ဖန်းချောင်ကတော့ အတည်လို့မှတ်ယူပါသည်။  ညတိုင်းမအိပ်ခင်မှာတွေးမိပြီး သူ့ဘာသာသူပြုံးမိနေရင်း အိပ်ပျော်သွားရတာလည်း ညစဥ်ညတိုင်းပုံမှန်လိုဖြစ်နေလေပြီ။

ဖန်းချောင်ကသာဒီလဝက်လုံး ဒီလိုအတွေးတွေနဲ့နစ်မွန်းနေပေမယ့် အကျင့်မကောင်းတဲ့လုယန့်ကျိုးကတော့ သူ့ဆီတစ်ကြိမ်လေးတောင်မလာပေ။

စိတ်တိုလိုက်တာ...ပုံစံကြည့်ရတာတော့ လုယန့်ကျိုးက သူ့ကိုမေ့သွားပြီထင်ပါရဲ့။

သူများ​တွေပြောကြသလိုပဲ တစ်ရက်က သုံးနှစ်လောက်ကြာသလိုခံစားနေရတဲ့အခြေအနေအထိ ဖန်းချောင်အတွေးတွေကရောက်နေပြီး ထိုလူ့ကိုမတွေ့ရတာလဝက်ကျော်မလို့ ဆယ့်နှစ်နှစ်လောက်ကြာပြီလို့တောင်ခံစားနေရသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Hikayelerin yaşadığı yer. Şimdi keşfedin