"ဥက္ကဋ္ဌလု...ခင်ဗျားမပြောလည်းရပါတယ် ""ကိုယ့်အသက်ဆယ့်ငါးနှစ်အထိ အဲ့ဒီအကြောင်းကိုမသိခဲ့ဘူး "
ဖန်းချောင်စကားကို လျစ်လျူရှုလိုက်ပြီး သူဟာပြောလာလေသည်။"ဆယ့်ငါးနှစ်မတိုင်ခင်ကဆိုရင် အမေက ကိုယ့်အပေါ်တအားကောင်းခဲ့တာ၊ သူက အမှတ်တွေမကောင်းတဲ့အစ်ကို့ကို ဆူပူနေချိန်မှာ ကိုယ့်က အမှတ်ပြည့်ရနေခဲ့တဲ့အတွက် ဘေးနားမှာထိုင်ပြီးရေခဲမုန့်တောင်စားနေရသေးတယ်။ ပြီးတော့ ကိုယ့်အစ်ကို ဝတ်သလိုစားသလို ကိုယ်ကဝတ်ရစားရတယ်..."
"...."
"အထက်တန်းတက်ရမယ့်နှစ်မှာတော့ ကိုယ်ကတစ်မြို့လုံးမှာအဆင့်သုံးချိတ်ခဲ့ပြီး ဒီမြို့ရဲ့အကောင်းဆုံးကျောင်းကိုဝင်ခွင့်ရခဲ့ချိန်မှာ ကိုယ့်အစ်ကိုကတော့ သာမန်အကျဆုံးတက္ကသိုလ်ရဲ့ဝင်ခွင့်စာမေးပွဲကိုတောင်ကျခဲ့တယ်လေ... အမေက သူ့ကို တရားမဝင်ကလေးဖြစ်တဲ့ကိုယ့်လောက်တောင် မတော်ဘူးဆိုပြီး စိတ်ဆိုးပြီးဆူခဲ့တယ်"
ဖန်းချောင်မှာ ဆွံ့အသွားပြီး သူ့လက်ထဲမှ ဂေါ်ဖီအရွက်ကိုကိုင်ထားရင်းမှ စကားသေချာစဥ်းစားရင်း အချိန်တစ်ခုကြာတိတ်ဆိတ်ပြီးချိန်မှာတော့ ပြောလိုက်လေသည်။
" ဒါဆို ခင်ဗျားက ခင်ဗျားကိုယ်ပိုင်အရည်အချင်းနဲ့ အကောင်းဆုံးကျောင်းကိုဝင်ခဲ့တာပေါ့ "
လုယန့်ကျိုးက သူ့အတွေးနဲ့သူဖြစ်နေတာမလို့ ထိုအရာကို အာရုံမထားမိ။
"နောက်တော့ ပြည်တွင်းမှာပဲ စာလေ့လာဖို့ကို လက်လျှော့ခဲ့ပြီး နိုင်ငံခြားမှာစာသင်ဖို့ကို ကိုယ့်ဘက်ကစပြီးပြောခဲ့တယ်... အိမ်ကိုပြန်ရမှာကို အမြဲတွန့်ဆုတ်နေခဲ့တယ်...ကိုယ်သာအိမ်ပြန်ရင် အမေ့ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲမသိဘူး "
ဖန်းချောင် လုယန့်ကျိုးရဲ့ အကူညီမဲ့ပြီး အထီးကျန်နေမယ့် ငယ်ဘဝလေးကိုပုံဖော်ကြည့်မိသည်။
သူ့လက်ထဲက ဂေါ်ဖီရွက်လေးလိုပဲ ဘယ်လောက်တောင်သနားစရာကောင်းလိုက်မလဲ။"ကိုယ့်အဖေကို တအားအထင်သေးမိတာပဲ... သူ့ရဲ့အငယ်အနှောင်းဆီကကလေးကိုခေါ်လာပြီး တရားဝင်ဇနီးကို စောင့်ရှောက်ခိုင်းတယ်...ဘယ်လိုလူမျိုးက ဒီလိုလုပ်ရက်နိုင်ရတာလဲ.... နောက်တော့သူက ကိုယ့်ကိုပြန်လာခိုင်းပြီး ကုမ္ပဏီအသစ်ကို ဦးစီးခိုင်းတဲ့အခါ ကိုယ်ငြင်းခဲ့လိုက်တာ"
ESTÁS LEYENDO
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
Ficción Generalmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.