12.2

4.3K 690 20
                                    


လုယန့်ကျိုးရဲ့ခေါ်ဆောင်မှုကြောင့် မနေ့က ရုတ်တရက်ပြန်လိုက်ရတော့ ဖန်းချောင်ရဲ့ ခရီးဆောင်အိတ်ဟာ ဟိုတယ်မှာကျန်နေခဲ့တာဖြစ်ပြီး ပြန်ယူချိန်မရခဲ့။
နှစ်သစ်ကူးမနက်မှာပဲ လင်းယောင်က ဟိုတယ်အခန်းကိုပြန်အပ်လိုက်ပြီး ပစ္စည်းများကို သူ့လာပေးတာဖြစ်သည်။

ဖန်းချောင်မှာအားနာသံတိုးတိုးလေးနှင့်...
" အခန်းခပေးပြီးသားကို ဘာလို့ဆက်မနေတာလဲ"

"မင်းကြောင့်မဟုတ်ဘူး တွေးမနေနဲ့ "

ဖန်းချောင်မှာ လိပ်ပြာမလုံဖြစ်သွားရပြီး လင်းယောင်ကိုပဲ ကြည့်နေမိတော့သည်။

"ဥက္ကဋ္ဌလုက သူနဲ့အဖော်ပြုပေးဖို့ခေါ်တာနဲ့... ငါလည်းငြင်းလို့မရဘူးလေ အဲ့တာကြောင့်..."

လုယန့်ကျိုးနာမည်ကိုကြားချိန်မှာ လင်းယောင်ရဲ့မျက်နှာကမည်းမှောင်သွားပြီး ဖန်းချောင်ထပ်ပြောတာကိုပင် နားမထောင်တော့ဘဲ တံခါးကိုဆောင့်ပိတ်လို့ထွက်သွားခဲ့သည်။

ဖန်းချောင် သူ့နှာခေါင်းထိပ်ကိုပွတ်လိုက်ရင်း စိတ်ညစ်သွားမိသည်။
ဒီကလေးက ကြာလေဒေါသထွက်လွယ်လေပဲ။
သူ့(ဖန်းချောင်) မှာ သူ့(လင်းယောင်) ကျူရှင်ခတွေရော နေထိုင်စရိတ်တွေပါထောက်ပံ့ပေးနေတာ... ဒီလိုဒေါသကြီးနေမယ်ဆို နောက်စာသင်နှစ်မှာမင်းစရိတ်တွေကို နှုတ်ယူပစ်လိုက်မယ်၊ ဘာမှတ်နေလဲ!!

နှစ်သစ်ကူးကိုဆင်နွှဲနေရတဲ့ဖန်းချောင်က ဆုမွန်ကောင်းတောင်းပေးရဖို့၊သွားတွေ့ရဖို့ ဆွေမျိုးဆိုတာလည်းရှိမနေတာကြောင့် သူအလုပ်ကအိမ်ထဲခွေနေရုံအပြင်မရှိ။ နေ့လယ်တစ်နာရီထိုးနေပြီဖြစ်တာကြောင့် အိမ်အရောက်အစားအစာပဲမှာလိုက်ပြီးတဲ့နောက်မှာ အချိန်ကုန်မြန်စေဖို့ရာ TVသာထိုင်ကြည့်နေလိုက်သည်။

မနေ့က ကျင်းပခဲ့တဲ့နှစ်သစ်ကူးပွဲတော်ကိုTVမှာပြန်ပြနေပြီး နာမည်ကြီးအနုပညာရှင်တွေက စင်မြင့်ထက်မှာဖျော်ဖြေနေကြသည်။ ထိုအထဲမှာမှ မိတ်ဆွေဟောင်းကြီးဖြစ်သော ဟန်ကျားယွဲ့ကလည်း အနီရောင်ဝတ်စုံလေး ဝတ်လို့ထားလေသည်။

မမျှော်လင့်ထားစွာနဲ့ ဟန်ကျားယွဲ့က သူပွဲဦးထွက်ပြီးတစ်နှစ်တောင်မကြာသေးချိန်တုန်းကလည်း နှစ်သစ်ကူးပွဲတော် နှစ်ကုန်ဆုပေးပွဲမှာဆုရခဲ့ပြီး အဲ့ဒီကစပြီး သူကတောက်လျှောက်အောင်မြင်လာခဲ့လေသည်။
ဒါက လုယန့်ကျိုးထောက်ခံချက်နဲ့များရခဲ့တာလားလို့ သူသိချင်မိပါသည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now