48-လုယန့်ကျိုး၏မွေးနေ့

3.9K 592 15
                                    


ဖန်းချောင်အခုတလော တက်ကြွနေပါလားလို့သူ့ကိုယ်သူပြန်သုံးသပ်နေမိသည်။ သူတို့ရဲ့ဆက်ဆံရေးကိုစဉ်းစာမယ်လို့ပြောခဲ့တဲ့သူက သူကိုယ်တိုင်ပေမယ့် လုယန့်ကျိုးက ဖက်နမ်းတဲ့သူကလည်းသူကိုယ်တိုင်ပဲဖြစ်လို့နေသည်။

အမ်း... အလိုလိုက်ခံရတာလည်း တကယ်မလွယ်ပါ့လား။

ဖန်းချောင်ထိုအကြောင်းကိုတွေးရင်း သီချင်းတညည်းညည်းနဲ့ တစ်နေ့လုံးကိတ်မုန့်ထိုင်လုပ်နေခဲ့သည်။ ညနေလေးနာရီမထိုးခင်မှာတော့ သန့်ရှင်းရေးလည်းလုပ်အပြီး ကိတ်မုန့်နဲ့အတူ ဆိုင်ကနေထွက်ဖို့အသင့်ဖြစ်နေလေပြီ။

သူဌေးဖြစ်သူက အစောကြီးပြန်တော့မှာကိုတွေ့တဲ့လက်ထောက်ကသိချင်စိတ်နဲ့ဘယ်သွားဖို့လဲဟုမေးလာ၏။

ဖန်းချောင်ကရှက်ကိုးရှက်ကန်းနဲ့ဝေ့လည်ကြောင်ပတ်ဖြေလာ၏။

" အာ... ကိတ်သွားပို့ပေးမလို့"

လက်ထောက်ကတစ်ခုခုမသင်္ကာကြောင်းခံစားမိပြီး အသံကိုစုံထောက်သံလုပ်ပြောရင်း...

"အို...ဘယ်သူရဲ့မွေးနေ့များဖြစ်နေလို့ သူဌေးကိုယ်တိုင်ကများသွားပို့ပေးရပါလိမ့်နော်"

ဖန်းချောင်မျက်နှာကပန်းသွေးရောင်ခြယ်သွားရင်း လည်ချောင်းကိုရှင်းကာ " အမ်း... ဘယ်သူလဲသိရဲ့သားနဲ့"

လက်ထောက်က ဖန်းချောင်ကိုစနောက်ရတာပျော်ဖို့ကောင်းတာကြောင့် ဆက်ပြောလာပြန်သည်။

"အဲ့ဒီဘယ်သူအတွက် ဘာမွေးနေ့လက်ဆောင်များပြင်ဆင်ပေးထားလဲနော် ကျွန်မကိုလည်းပြပါဦး"

ဖန်းချောင်ကြက်သေသေသွားသည်။ သူလက်ဆောင်ဝယ်ပေးဖို့လုံးဝမေ့နေတာကြီး။

လက်ထောက်က အကြံဥာဏ်ပေးလာ၏။

"အဆင်ပြေပါတယ်သူဌေးရဲ့ သူဌေးကိုယ်သူဌေး ပါကင်ပိတ်ပြီး ဥက္ကဋ္ဌလုကို လက်ဆောင်ပေးလိုက်ပေါ့"

ဖန်းချောင် "..."

.

ဖန်းချောင်အားနာသွားပြီး အခုမှပဲလက်ဆောင်ဝယ်ဖို့တွေးလိုက်ပေမယ့် လုယန့်ကျိုးကသူ့ကိုလှမ်းဆက်ခေါ်ရင်း ကုမ္ပဏီမှာစောင့်နေပေးဖို့ပြောတာကြောင့် လက်ဆောင်ဝယ်မယ့်အကြံကိုလက်လျှော့လိုက်ရပြီး ကိတ်မုန့်ကိုယူကာ ရှင်းကျိုးကုမ္ပဏီသို့သာတန်းသွားလိုက်တော့သည်။

ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed) Where stories live. Discover now