ဖန်းချောင်ပထမဆုံးထွက်သွားတဲ့နေ့မှာတင် လုယန့်ကျိုးသူ့ကိုလွမ်းနေမိသည်။လုယန့်ကျိုးက အများကြီးသောက်နေပေမယ့် အသိစိတ်ပျောက်တဲ့အထိတော့မမူးသေးပေ။
အိပ်ယာထက်မှာတစ်ယောက်တည်းလှဲနေရင်း သူ့ရဲ့စိတ်တွေက မမူးပေမယ့် ဖရိုဖရဲဖြစ်နေ၏။စိတ်တွေလည်းရှုပ်ထွေးနေရပြီး သူတွေးမိတာက ဖန်းချောင်က အနာခံတတ်ဆုံးအချစ်တော်ဖြစ်ပြီး အရင်ကသူ့ဘက်ကဂရုမစိုက်ချိန်တုန်းကလည်း ဖန်းချောင်ကငြိမ်ငြိမ်လေးပဲနေပြီး သူ့ရဲ့တည်ရှိမှုကိုလျော့ချပေးထားသည်။ နောက်ပိုင်းသူ့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့အခါကျတော့လည်း လောဘတက်မလာပေ။
ဖန်းချောင်က မဖြစ်နိုင်၊အဓိပ္ပါယ်မရှိတဲ့တောင်းဆိုမှုတွေကိုဘယ်တော့မှမလုပ်ခြင်းက သူ့ကိုစိတ်သက်သာရရစေသည်။ဒါဆို သူတို့ဘာကြောင့်ဒီတိုင်းလေးပဲဆက်မနေနိုင်ရတာလဲ။ သူတို့ဆက်ဆံရေးကိုဘာကြောင့်ရပ်ပစ်ရတာလဲ။ ဖန်းချောင်ဘက်ကသူတို့နှစ်ယောက်ကြားမှာရှိတဲ့ဆက်ဆံရေးကိုအတည်အတံ့ရှေ့ဆက်ချင်တယ်ဆိုရင် သူ့အတွက်ကတော့ အဆင်ပြေတယ်လို့ပြောရမည်ပင်။
ဒါပေမယ့် စတောင်စရသေးဘဲနဲ့ ဖန်းချောင်ကဘာလို့ထွက်ပြေးခဲ့သလဲဆိုတာကို လုယန့်ကျိုးလုံးဝနားမလည်နိုင်တော့ပေ။အချစ်မေတ္တာနဲ့ပတ်သတ်လာလျှင် သူတို့အတူရှိချိန်တိုင်းမှာဖန်းချောင်အပေါ်သူအကောင်းဆုံးသာဆက်ဆံပေးချင်ပြီးဒါကိုဘယ်တော့မှလုံလောက်တယ်မခံစားရသလို ဖန်းချောင်နဲ့ရှိနေရင်ကို သက်သောင့်သက်သာဖြစ်ရသည်။
ဒါ့အပြင် သူတို့နှစ်ယောက်က အိပ်ယာပေါ်မှာဆို တစ်ယောက်နဲ့တစ်ယောက် အတွဲညီညီနှီးနှောနိုင်ကြသလို ဖန်းချောင်ရဲ့နူးညံ့တဲ့ခန္ဓာကိုယ်လေးကို နမ်းရှိုက်ရတာကိုလည်း ဘယ်တော့မှ ငြီးငွေ့မယ်မထင်ပါလေ။ကောင်းပါလေရော...ဖန်းချောင်အကြောင်းတွေးမိသမျှဟာ ကောင်းကွက်တွေချည်းပါပင်။
လုယန့်ကျိုးက ဖန်းချောင်အကြောင်းကိုတစ်ညလုံးတွေးမိနေရင်း ကောင်းကောင်းပင်အိပ်မပျော်နိုင်သလို နောက်နေ့မှာလည်းအစောကြီးထပြီး ဖန်းချောင်ကိုတွေ့ဖို့ရာထွက်လာခဲ့သည်။
အခုအချိန်မှာဖန်းချောင်နဲ့စကားပြောကြည့်ဖို့ကလိုကိုလိုအပ်သည်ဟု ထင်မိသည်။
အချစ် ဒါမှမဟုတ်ရင် ဘဝ ဘယ်လိုအကြောင်းပဲဖြစ်ပါစေ ဖန်းချောင်နဲ့အတူပြောရင်း အရာအားလုံးကိုရှင်းရှင်းလင်းလင်းဖြစ်စေမည်။
YOU ARE READING
ဖြတ်လျှောက်မင်းသားလေးက မုန့်ဖုတ်သမားလေးပဲ ဖြစ်ချင်ရုံပါ (Completed)
General Fictionmm translation Status In COO: 50 Chapter+ (Extra 4) Author -许半仙 I don't own any of this story. Full credit to original author and english translators.